Wednesday, September 24, 2014

ရုရှားနိုင်ငံ Etorofu(အီတိုရိုဖူ) ကျွန်းပေါ်၌ လေဆိပ်သစ် တစ်ခု ဖွင့်လှစ်


ရုရှားနိုင်ငံ Etorofu(အီတိုရိုဖူ)ကျွန်းပေါ်မှာ လေဆိပ်သစ် တစ်ခုဖွင့်လှစ်လိုက်ပါတယ်။ အီတိုရိုဖူကျွန်းဟာ ဂျပန်နိုင်ငံရဲ့ မြောက်ဘက် စွန်းစွန်းရှိ ဟိုကိုင်း ဒိုးစီရင်စု ကမ်းလွန်မှာ တည်ရှိတဲ့ ရုရှား ထိန်းချုပ်ထားတဲ့ ကျွန်း(၄) ခုထဲက တစ်ခု ဖြစ်ပါတယ်။ ရုရှားအစိုးရက လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းကို (၂၀၀၇)ခုနှစ် ကတည်းက စတင်ဆောင်ရွက် လာခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်သစ်ကြီးမှာ မီတာ(၂၃၀၀)ရှိတဲ့ လေယာဉ်ပြေးလမ်းကြီး ပါရှိပြီး အရပ်ဘက်နဲ့ စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါသည်။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး Yoshihide Suga(ယိုရှီဟီဒီဆူဂါ)က ကျွန်း(၄)ခုကို ရုရှားက တရားဝင် နည်းလမ်းနဲ့ သိမ်းပိုက် ထားတာ မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့လည်း အဲဒီမှာအခြေခံ အဆောက်အအုံ ဆောက် လုပ်ရေး စီမံကိန်းတွေကို တားဆီး ဖို့ နည်းလမ်း မရှိပေမယ့် နယ်မြေပိုင်နက် ပြဿနာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံးက လက်ခံနိုင်တဲ့ ကျေအေးမှုတွေ ရအောင် ညှိနှိုင်းသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ယိုရှီဟီဒီဆူဂါက ပြောကြားကြောင်း NHK သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

back to top