INGO များ လုပ်ငန်းဆောင်ရွက်ခြင်းအတွက် သတ်မှတ်အခွန် ပေးဆောင်ရမည်
မြန်မာနိုင်ငံ၌ ၀င်ရောက်လုပ်ကိုင်နေသော INGO များ အနေဖြင့် ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်းများ အတွက် သတ်မှတ် အခွန်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (ရန်ကုန်) မှ တာဝန် ရှိသူ တစ်ဦး ကပြောကြားသည်။
“ ယခင်နှစ်တွေအထိ တစ်နှစ်ကို ကျပ် ၁၄၄၀၀၀၀ ကျော်ရင် ၀င်ငွေခွန် ပေးဆောင်ရတယ်။ ဒီနှစ်ဆိုရင် ကျပ် သိန်း ၂၀ ကျော်ရင် ပေးဆောင်ရမယ်။ ဒါအားလုံးတစ်ပြေးညီပါပဲ။ ဒါကိုထပ်မံအသိပေးတာပါ” ဟု ပြောသည်။ ၁၉၅၄ ခုနှစ် ကမ္ဘာ့ ကုလ သမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေအရ လည်းကောင်း၊ ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းသဘော တူစာချုပ်အရ လည်းကောင်း၊ ၁၉၆၃ ခုနှစ် ကောင်စစ်ဝန် ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း သဘောတူ စာချုပ်အရ လည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ စာချုပ် များအရလည်းကောင်း၊ INGO အဖွဲ့အစည်းတွင် ပါဝင်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများ အနေဖြင့် ရရှိ သည့် လစာ၊ နှစ်စဉ်ကြေး၊ လစာနှင့် လုပ်ခအစားရရှိသည့် ခံစားပိုင်ခွင့် သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်း ရရှိသော အခေကြေးငွေ၊ ကော်မရှင်နှင့် အကျိုးခံစားခွင့်များအပေါ် တည်ဆဲဝင်ငွေခွန် ဥပဒေ ပုဒ်မ (၉) အရ လစာခေါင်းစဉ်ဖြင့် ၀င်ငွေခွန် ပေးဆောင်ရမည်ဟု သိရသည်။
No comments:
Post a Comment