Wednesday, October 1, 2014

ရန်ကုန် တက္ကသိုလ်တွင် ဘူမိသိပ္ပံ သုတေသန လုပ်ငန်း ပညာရပ်များ ဆောင်ရွက်ရန် ဂျပန်နိုင်ငံမှ Akita တက္ကသိုလ်က ကူညီသွားမည်

ရန်ကုန် တက္ကသိုလ်တွင် ဘူမိသိပ္ပံ သုတေသန လုပ်ငန်း ပညာရပ်များ ဆောင်ရွက်ရန် ဂျပန်နိုင်ငံ Akita တက္ကသိုလ်မှ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း Akita တက္ကသိုလ်မှ Dr. Kenichi Sawada က ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပြုလုပ်သော တက္ကသိုလ်နှစ်ခု သဘောတူ MoU ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန် တက္ကသိုလ်သည် ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံတကာမှ တက္ကသိုလ်များနှင့် MoU ရေးထိုးထားသည့် တက္ကသိုလ်ပေါင်း ၁၈ ခုရှိပြီး ဂျပန်နိုင်ငံ Akita တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် သုံးခုမြောက် လက်မှတ်ရေးထိုးသည့် တက္ကသိုလ် ဖြစ်ကြောင်း သိရသည်။ ''မနှစ်က ဘူမိဗေဒဌာနက ဆရာတွေ Akita တက္ကသိုလ်ကို သွားပြီးတဲ့ နောက်မှာ ဒီမှာ လက်မှတ် ရေးထိုးဖို့ သဘောတူညီမှု ရလာတာပါ။ ဘူမိသိပ္ပံ လုပ်ငန်းအတွက် ပူးပေါင်း ဆောင်ရွက်သွားကြမှာပါ။ Akita တက္ကသိုလ်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သင်ကြား တာတွေရှိတော့ အဲဒါတွေပါ ဆက်လုပ်သွားဖို့ ရှိတယ်'' ဟု ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ပြောသည်။ Akita တက္ကသိုလ်သည် ရန်ကုန် တက္ကသိုလ်နှင့် လက်မှတ်ရေးထိုး ပြီးသည်နှင့် သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ခြင်း၊ သုတေသန ပညာရှင်နှင့် စီမံဝန်ထမ်းများ ဖယ်ထုတ်ခြင်း၊ ကျောင်းသားများ ဖလှယ်ခြင်း စသော အစီအစဉ်များကို စဉ်ဆက်မပြတ် ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top