ဒေလီမြို့မှ ကျောင်းသားများက ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား သစ် နှစ်လုံးကို ရှာဖွေ တွေ့ရှိ
အိန္ဒိယနိုင်ငံ
ဒေလီမြို့ရှိ ကျောင်းနှစ်ကျောင်းမှ ကျောင်းသား အဖွဲ့တစ်ဖွဲ့သည် ဂြိုဟ်သိမ် ဂြိုဟ်မွှား
အမျိုးအစားသစ် နှစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိပ္ပံနှင့် နက္ခတ္တဗေဒ လေ့လာမှု ဆိုင်ရာNGO အဖွဲ့၏
ပြောကြားချက် အရ သိရသည်။Chinmaya Vidyalaya နှင့် Akshat Sharma အမည်ရှိကျောင်းမှ
Aryan Mishra နှင့် Keerti Vardhan အမည်ရှိ ကျောင်းသားနှစ်ဦးနှင့် Bal Bharati အစိုးရကျောင်းမှ Kshitij Jindal အမည်ရှိ
ကျောင်းသား တစ်ဦးတို့သည် အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး
၎င်းဂြိုဟ်သိမ် ဂြိုဟ်မွှား၏ အမည်ကို 201400372 နှင့် 201400372 ဟု အဆိုပါ ကျောင်းသား များက
အမည် ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ၎င်းဂြိုဟ်သိမ် ဂြိုဟ်မွှား များကို ပြင်သစ်နိုင်ငံ နိုင်ငံတကာ နက္ခတ္တဗေဒဆိုင်ရာ သမဂ္ဂက ပြုစု ထားသော စာရင်းတွင် ထည့်သွင်းရန် စီစဉ်လျက် ရှိကြောင်း SciencePopularization Association of Communicators and Educators (SPACE Popularization Association of Communicators and Educators (SPACE) အဖွဲ့က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ တွင် လွန်ခဲ့သောနှစ်က ကျောင်းသားနှစ်ဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစားသစ် တစ်မျိုးကိုရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားအား 2013 LS 28 ဟု အမည် ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment