Monday, August 18, 2014



၅၆ နိုင်ငံကို ၁၆ နှစ်ကြာ ရွက်လွှင့်ခဲ့သည့် အငြိမ်းစား  ဇနီးမောင်နှံ နှစ်ဦး၏ ရေကြောင်းခရီး အောင်မြင်ခဲ့

ဗြိတိန်နိုင်ငံမှ  ကလိုက်နှင့် ဂျိန်းဂရင်း အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် သင်္ဘောဖြင့် ၁၆ နှစ်ကြာ ရွက်လွှင့်ခဲ့ပြီး နိုင်ငံပေါင်း ၅၆ နိုင်ငံကို  သွားရောက် နိုင်ခဲ့ပြီးနောက် အမိနိုင်ငံသို့ အောင်မြင် စွာ ပြန် လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ဇနီးမောင်နှံသည် ရေမိုင် ၅၁ဝဝဝ ကျော်သို့ ရွက်လွှင့်နိုင်ခဲ့ပြီး ၎င်းတို့၏ ပထမ ဆုံး စွန့်စားခန်း ခရီးစဉ်အတွက် အလွန်ပျော်ရွှင်ခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် ၃၅ ပေ အရွယ်အစားရှိ  Jane G  ဟု အမည်ပေးထားသော သင်္ဘောဖြင့် ၁၉၉၈ ခုနှစ်တွင် ၎င်းတို့၏  ရေကြောင်း ခရီးစဉ်ကို  ဝေးလ် ပြည် နယ်မှ စတင်ခဲ့သည်။

ကလိုက်သည် ကုမ္ပဏီတစ်ခုမှ အငြိမ်းစား တစ်ဦးဖြစ်ပြီး ဂျိန်းဂရင်းက အဏုဇီဝဗေဒ နည်းပညာရှင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေရာမှ နုတ်ထွက်ကာ ခင်ပွန်းဖြစ်သူနှင့် ရေကြောင်းခရီးကို ရွက်လွှင့်ရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

ကလိုက်နှင့် ဂျိန်းတို့သည်  ရေကြောင်း ခရီးမစတင်မီက ငွေကြေး ကျပ်တည်းခဲ့သောကြောင့် ၎င်းတို့၏ နေအိမ်ကို အခြားသူများ အား ငှားရမ်းခဲ့ရပြီး ရေကြောင်းခရီး ထွက်ခွာလာစဉ် ကာလအတွင်း ကလည်း   အစားအသောက် ပြတ်လပ်ခဲ့ခြင်းကြောင့်  စတိုးဆိုင်မှ ဝယ်ယူလာခဲ့သည့် အဝတ်အစားများ အား ဖီဂျီနိုင်ငံရှိ ကျွန်းတစ်ကျွန်း၌ အသီးအနှံနှင့် အသီးအရွက်များဖြင့်  လဲလှယ်ခဲ့ရကြောင်း သိရသည်။
သို့သော် ၎င်းကျွန်းပေါ်မှ မျိုးနွယ်စုများသည် အင်္ဂလိပ်စကား မပြောတတ်သဖြင့် လဲလှယ်ရန် အခက်အခဲ ကြုံခဲ့ရကြောင်း ဂျိန်းဂရင်းက ပြန်လည် ပြောပြခဲ့သည်။
၎င်းတို့နှစ်ဦးသည် မိခင်နိုင်ငံရှိ ဝေးလ် သြဂုတ် ၈ ရက်က ပြန်လည် ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top