Tuesday, July 1, 2014

ပြည်သူ့ပါတီအဖြစ် အမြဲတမ်းဆောင်ရွက်မည် 


 






ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် မြောင်းမြ ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဇွန်လ (၂၉) ရက် နံနက် ၈ နာရီ တွင် မြောင်းမြ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်အတူ ခရိုင်ပါတီကော်မတီဝင် ကိုးဦး၊ မြို့နယ် ပါတီကော်မတီဝင် ၁၅ ဦး တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာကြသော ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အတွက်ပါတီဖြစ်ပြီး ပါတီ၏မူဝါဒများ အားလုံးသည် ပြည်သူလူထု အတွက် ချမှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ပါတီအဖြစ် အမြဲတမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားပြီး ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လမ်းညွှန်ချက်များ မှာကြားကာ နံနက် ၁၀ နာရီတွင် တွေ့ဆုံပွဲ အခမ်းအနား ပြီးဆုံးကြောင်း သိရ သည်။

 

No comments:

Post a Comment

back to top