မြန်မာထူးချွန် ကျောင်းသားများ ပညာသင်ဆု နှစ်ဆုကို လျှောက် ထားနိုင်
ၾသစေၾတးလ်
နိုင်ငံ Curtin University သည် မြန်မာနိုင်ငံမှ ထူးချွန်
ကျောင်းသားများအား Merit Scholarship ပညာသင်ဆု ၂၅ ရာခိုင်နှုန်းနှင့် ၅ဝ
ရာခိုင်နှုန်းကို ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း Myanmar Search
International (MSI) မှ သိရသည်။
အဆိုပါ ပညာသင်ဆု နှစ်ဆုအတွက်
လျှောက်ထားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများမှာ ၂၅ ရာခိုင်နှုန်း
ပညာသင်ဆု အတွက် Science and Engineering ဘာသာရပ် များကို ဘွဲ့ကြိုပြီး
ထားသူ များနှင့် ဘွဲ့လွန် ပြီးထားသော ကျောင်းသား၊ကျောင်းသူများ အတွက်
Master of Engineering Science (Electrical Engineering နှင့်
Electrical Utility Engineering) ဘာသာရပ်များ အတွက် ၅ဝ ရာခိုင်နှုန်း
ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း MSI နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု
လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက် တာ ဒေါ်စုစုလှိုင်က ပြောသည်။
Curtin University သည် သြစတြေးလျ
နိုင်ငံတွင်သာမက ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊
တောင်အာဖရိကနှင့် အင်ဒိုနီးရှား နိုင်ငံ တို့တွင်လည်း ကျောင်းများ
ဖွင့်လှစ် သင်ကြားပို့ချလျက် ရှိသည်။
ပြည်ပနိုင်ငံများ၌ ကိုယ်ပိုင်
နယ်မြေဖြင့် ပထမဦးဆုံး တည်ထောင်ခဲ့သော Curtin ကျောင်းခွဲမှာ မလေး ရှား
နိုင်ငံ Sarawark ပြည်နယ်၏ Miri မြို့၌တည်ရှိပြီး ပင်မတက္ကသိုလ်ပြီးလျှင်
ဒုတိယ ဘာသာရပ် အများ ဆုံး သင်ကြားပို့ချလျက် ရှိသော တက္ကသိုလ် ဖြစ်သည်။
၎င်းတက္ကသိုလ်တွင်လည်း ၅ဝ ရာခိုင်နှုန်း ပညာသင်ဆုကို ဒီဂရီတန်းအတွက် ပေးအပ်လျက် ရှိကြောင်း ဒေါ်စုစုလှိုင် ထံမှ သိရသည်။
သြစတြေးလျ နိုင်ငံရှိ Curtin
Univer-sity တွင် ပေးအပ်မည့် ပညာသင်ဆုသည် ဘွဲ့ကြိုတန်းကို တက်ရောက် ပြီးသော
ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရမှတ် CWA ၇၅ ရာခိုင်နှုန်းနှင့် အထက်
ရရှိ ထားသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင် ဆုကြေးကို
မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးနှင့် အထက်ကို ၂ဝ၁၅
ပညာသင်နှစ်တွင် ပေးအပ် သွားမည် ဖြစ်ကြောင်း MSI မှ သိရသည်။
ထို့အပြင် ဘွဲ့လွန်တန်း ပြီးမြောက်
အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂ဝ၁၄ ခုနှစ်၏ Semester 2
တွင် ပေးအပ်ပြီး အနည်းဆုံး ထူးချွန် ကျောင်းသား၊ကျောင်းသူ ၁ဝ ဦးကိုသာ
Master of Engineering Science တွင် ၅ဝ ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
ဖြစ်ကြောင်း MSI မှ သိရသည်။
သြစတြေးလျ နိုင်ငံ Curtin University
မှ ပေးအပ်မည့် ပညာသင်ဆု နှစ်ဆုကို လျှောက်ထား လိုသော မြန်မာကျောင်းသား၊
ကျောင်းသူများ အနေဖြင့် MSI နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု ရုံးခန်း
ပန်းဘဲတန်း မြို့နယ် ရန်ကုန်တိုင်း ဒသကြီး ဖုန်း-ဝ၁-၃၈၉၉၁၅ နှင့်
ဝ၉-၅၁ဝ၃၉၁၅ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရသည်။
No comments:
Post a Comment