တောင်ကိုရီးယား နိုင်ငံတွင် ဝန်ကြီးချုပ် ဟောင်း ချောင်ဟောင်ဝမ်ကို ရာထူး ပြန်လည် ပေးအပ်
တောင်ကိုရီးယား
အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ရာထူးအတွက် လျာထားခံရသည့် ကိုယ်စား လှယ်လောင်း နှစ်ဦး
သည် ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ကိုယ်စားလှယ်လောင်း အဖြစ်မှ နုတ်ထွက်သွားခဲ့
ခြင်း ကြောင့်၎င်းတို့၏နေရာတွင်
ဝန်ကြီးချုပ်ဟောင်း ချောင်ဟောင် ဝမ်ကို ပြန်လည် တာဝန်ပေးအပ်ရန် သမ္မတ
ပါ့ခ်ဂွမ်ဟေးက မေ ၂၆ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ သမ္မတ
ပါ့ခ်ဂွမ်ဟေးသည် ချောင်၏ နုတ်ထွက်စာကို ပယ်ချခဲ့ပြီး
ဝန်ကြီးချုပ် အဖြစ် နိုင်ငံရေးရာ ကိစ္စရပ်များတွင် အားသွန်ခွန်စိုက် ပါဝင်
ဆောင်ရွက်ရန် တောင်း ဆိုခဲ့ကြောင်း ပြည်သူ့ရေးရာဌာနမှ အတွင်းရေးမှူးဖြစ်သူ
ယွမ်ဒူးဟွမ် က ပြောကြားခဲ့ သည်။
ယခင်က
ဝန်ကြီးချုပ်အဖြစ် လျာထားခံရသော Moon Chang- Keuk သည် ၎င်း၏ အတိတ်က ဂျပန်လိုလား သော
ထင်မြင်သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက်
ကိုယ်စားလှယ် လောင်း အဖြစ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတူ Ahn
Dai-hee သည် ဝန်ကြီးချုပ်အဖြစ် လျာထားခံ ရပြီး ၎င်းသည် ဥပဒေအကျိုးဆောင်
ကုမ္ပဏီတစ်ခုတွင် ရှေ့နေတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ် မတန် တဆ လစာများကို
လက်ခံရရှိမှုနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာသောကြောင့် မေလ
နှောင်းပိုင်းတွင် ကိုယ်စားလှယ်လောင်း အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး
နုတ်ထွက်ပြီးနောက် နှစ်ရက်အကြာတွင် ပါ့ခ်ဂွမ်ဟေး၏ ဆုံးဖြတ်ချက်
ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ယွမ်ဒူးဟွမ်က ပြောကြား ခဲ့သည်။
No comments:
Post a Comment