NBA လူသစ် ရွေးချယ်ပွဲအတွက် အလားအလာရှိ လူငယ်တွေ အသင့်ဖြစ်
(၂၀၁၄) NBA လူသစ်ရွေးချယ်ပွဲအတွက် အလားအလာရှိ လူငယ်ဘတ်စကက် ဘောသမားလေးတွေဟာ အသင့်ဖြစ်နေပါတယ်။ လူသစ်ရွေးချယ်ပွဲကို အမေရိကန်ပြည်ထောင်စု ဘရွတ်ကလင်းမြို့က ဘာကလေစင်တာမှာ ကျင်းပပါမယ်။
အဲဒီပွဲအတွက် အကြိုသတင်းစာ ရှင်းလင်းပွဲကိုတော့ ဗုဒ္ဒဟူးနေ့က ကျင်းပပါတယ်။ အဲဒီလူသစ်ရွေးပွဲကို နှစ်စဉ်ကျင်းပပြီး နေရှင်နယ်ဘတ်စကက်ဘောအဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းက အရည်အချင်းပြည့်ဝတဲ့၊ လိဂ်မှာပါဝင်ကစားလိုတဲ့ ကစားသမားတွေကို ရွေးချယ်ပါတယ်။ ၀င်အရွေးခံတဲ့ လူငယ်အများစုက အမေရိကန် ကောလိပ်တွေက ဘတ်စကက်ဘောသမားတွေ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထိပ်ဆုံးက အရွေးခံရမယ့်သူတွေထဲမှာ ကနေဒါ လူငယ်(၃)ဦးကိုလည်း ခန့်မှန်းထားပါတယ်။ အလားအလာရှိ လူငယ်တစ်ဦးဖြစ်တဲ့ အင်ဒရူးဝစ်ဂင်က "နက်ဖြန်ကတော့ ကံတရားက ဆုံးဖြတ်မယ့်နေ့ပါ။ အရာရာပြောင်းလဲသွားမယ့်နေ့ပါပဲ။ နောက်လေးနှစ် ကိုယ်ကစားရမယ့် အသင်းက ဘယ်အသင်းလဲ၊ ဘယ်မြို့မှာ နေထိုင်ရမလဲဆိုတာ စိတ်လှုပ်ရှားစရာပါပဲ"လို့ ပြောပါတယ်။ ဂျာဘာရီပါကာဆိုတဲ့ လူငယ်ကတော့ "အသင်းတွေရဲ့ ကောင်းမွန်တဲ့ အားဖြည့်မှုပါပဲ။ ထိပ်တန်းအဆင့် (၃)သင်းလုံးကလည်း အင်အားသစ် ဖြည့်ကြမှာပါ။ သူတို့ကတော့ ရှေ့တန်းနေရာအတွက်တော့ လူသိပ်မလိုဘူးလို့ထင်တယ်။ သူတို့မှာရှိတဲ့ ကစားသမားတွေနဲ့အတူ တွဲကစားနိုင်တဲ့ လူငယ်တွေကိုပဲ လိုအပ်ကြပါတယ်"လို့ ပြောပါတယ်။
No comments:
Post a Comment