ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး (ဟောင်း) H.E Mr. Tatashi TAJIMA လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး (ဟောင်း) H.E Mr. Tatashi TAJIMA နှင့် အဖွဲ့ဝင် (၂) ဦးပါအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ နေ့လည် ၁ နာရီ ၅၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး (ဟောင်း) H.E Mr. Tatashi TAJIMA နှင့်အတူ အဖွဲ့ဝင် များတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင် ရွက်ရေး ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် နိုင်ငံ သံအမတ်ကြီး (ဟောင်း) H.E Mr. Tatashi TAJIMA အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။
No comments:
Post a Comment