ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မြို့နယ်မှ ပါတီဝင်များနှင့် တွေ့ဆုံ
စစ်ကိုင်တိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာ ဆန်းဝင်း ဦးဆောင်သော ရပ်ကွက်၊ ကျေးရွာ များမှ စည်းရုံးရေးမှူး (၂၁) ဦးတို့သည် ယနေ့ ဇွန်လ(၁၉) ရက်၊ နံနက် (၁၀း၀၀) အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးအတွင်းရှိ ပါတီရေးရာဌာနများ၊ သင်တန်းကျောင်း အဆောက်အဦး များ၊ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုဆောင် တို့အား လိုက်လံ ကြည့်ရှုလေ့လာကြပါသည်။
ရှေးဦးစွာ ဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှူး ဦအောင်နိုင်ထွန်း၊ ဌာနမှူး ဦးတင်ဌေး၊ ဌာနခွဲမှူး ဦးမြသန်းတို့မှ မင်းကင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာဆန်းဝင်း ဦးဆောင်သော အဖွဲ့ အား ကြိုဆိုနှုတ်ဆက်ကြပြီး ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် (၂၀၁၀) ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပုံများနှင့် ပါတီဖွဲ့စည်း ဆောင် ရွက်နေမှု အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး ဌာနမှူး ဦးတင်ဌေးမှ ပါတီ စည်းရုံးရေးဆိုင်ရာ ကိစ္စရပ် များနှင့် မိမိတို့ပါတီ၏ ပါတီဝင်အင်အား လက်ရှိ အခြေအနေများနှင့် (၂၀၁၅) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မိမိတို့ ပါတီဝင်များမှ ပြည်သူများနှင့် လက်တွဲဆောင်ရွက်ကြရန် မှာကြားဆွေးခဲ့ပြီး ဌာနခွဲမှူး ဦးမြသန်းမှ ပါတီရုံးချုပ် အတွင်း ဌာနအလိုက် ဖွဲ့စည်းလုပ်ကိုင်နေ ကြသော အဆင့်ဆင့်သော အစည်းအဝေးပွဲများ ကျင်းပသည့် အစည်းအဝေး ခန်းမဆောင်များ၊ သင်တန်းကျောင်း အဆောက်အဦးများ၊ လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်ရာ အဆောင်တို့ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
No comments:
Post a Comment