တောင်ကိုရီးယား နိုင်ငံမှ အဆိုတော် အဖွဲ့ Tiny-G Girl Band
တောင်ကိုရီးယားနိုင်ငံမှ Girl Band တစ်ခုဖြစ်တဲ့ Tiny-G အဖွဲ့ဟာ
အဖွဲ့ဝင် လေးဦး ပါဝင် ပါတယ်။၂ဝ၁၂ ခုနှစ်က စတင်ဖွဲ့
စည်းလိုက်တဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်တွေကတော့ Do Hee, J Min, Mint, Myung Ji တို့ပဲဖြစ် ပါ တယ်။ K-Pop နဲ့ Hip Hop ကို အဓိက သီဆိုတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အဓိက အဆိုရှင်နဲ့ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ
J Min ကို ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်မှာ မွေးဖွား ခဲ့ပါတယ်။
အမည်ရင်းကတော့ Shin Min Jung ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်နဲ့ အဓိက အဆိုရှင်
တစ်ဦး ဖြစ်ပါတယ်။ အရပ်အမြင့် ၁၅၅ စင်တီမီတာရှိပြီး တောင်ကိုရီးယား
နိုင်ငံ သူ ဖြစ်ပါတယ်။ နောက် ထပ် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Mint ဟာ ထိုင်း
နိုင်ငံသူ တစ်ဦး ဖြစ်ပါတယ်။ အမည်ရင်းကတော့ Goonshipas Peonpaweevorakul
ဖြစ်ပြီး အရပ်အမြင့် ၁၅၁ စင်တီမီတာ ရှိပါတယ်။ ၁၉၉၄ ခုနှစ် ဇွန် ၂၃ ရက်မှာ
မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ Tiny-G Girl Band မှ Min Do Hee ဟာ
အဖွဲ့ထဲမှာတော့ အဓိက အဆိုရှင်နဲ့ အဖွဲ့ရဲ့ မျက်နှာဖုံးတစ်ဦး ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ မွေးဖွားခဲ့ပြီး အရပ်အမြင့် ၁၅ဝ စင်တီမီတာ
ရှိသူတစ်ဦး ဖြစ်ပါတယ်။ Kim Myung Ji ကတော့ အဖွဲ့ထဲမှာ အငယ်ဆုံး ဖြစ်ပြီး
အဓိက ရက်ပ်စာသားကို သီဆိုသူနဲ့ အဓိက အကပညာရှင် တစ်ဦး ဖြစ်ပါတယ်။
အရပ်အမြင့် ၁၅၉ စင်တီမီတာရှိပြီး ၁၉၉၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ
မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
Tiny-G အဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ဧပြီ ၂၄
ရက်မှာ MBC ရဲ့ Show Champion အစီအစဉ်မှ စတင်ပြီး ပရိသတ်နဲ့
စတင်မိတ်ဆက်ခွင့် ရတဲ့ အဖွဲ့ ဖြစ်ပါတယ်။ Polaris သီချင်းကိုတော့ အဆိုတော်
Lee Si Young နဲ့ Jay Park တို့နှစ်ဦးက သံစဉ်နဲ့စာသားကို ဖန်တီး ပေးထားတာ
ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ဖြစ်တဲ့ Do Hee နဲ့ J Min တို့နှစ်ဦးဟာ Cunning
Single Lady ဇာတ်ကားရဲ့ ဇာတ်ဝင်တေး Mirror Mirror ကို သီဆိုခဲ့ပါတယ်။
Tiny-G Girl Band ရဲ့ ပထမဦးဆုံး Single Tiny-G ကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၂၃
ရက်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက် Album ဖြစ်တဲ့ Minima-nimo ကိုတော့ ၂ဝ၁၃
ခုနှစ် ဇန်နဝါရီ ၂ဝ ရက်က ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် Single Album
ဖြစ်တဲ့ Miss You ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်က ထွက်ရှိခဲ့ပါတယ်။
No comments:
Post a Comment