Friday, June 27, 2014

မေဂျာ ချန်ပီယံ အနေနဲ့ အထူးသတိထားပြီး ပြိုင်မှာပါလို့ မာတင်ကေးမား ပြောကြား






ယူအက်စ်အိုးပင်း ချန်ပီယံ မာတင်ကေးမားက မေဂျာချန်ပီယံတစ်ယောက်အနေနဲ့ ပြိုင်ပွဲတွေကို အထူးသတိထားပြီး ပြိုင်သွားမှာပါလို့ ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် ပင်းဟတ်မြို့မှာ ပြောကြားပါတယ်။ အဲဒီမြို့မှာ ကျင်းပမယ့် BMW အိုးပင်းဂေါက်သီး ရိုက် ပြိုင်ပွဲအကြိုသတင်းစာ ရှင်းလင်းပွဲမှာ မာတင်ကေးမားက ပြောခဲ့တာဖြစ်ပါတယ်။ 

သူက (၂၀၁၀)ပြည့်နှစ်မှာ ပီဂျီအေချန်ပီယံဆုဖလားနဲ့ မေဂျာ ချန်ပီယံဆုကို ပထမဆုံးရခဲ့ပြီး ဒီနှစ်မှာတော့ ယူအက်စ်အိုးပင်းဆုဖလားနဲ့ ဒုတိယမြောက် မေဂျာချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲပြီးနောက်မှာ သူဟာ ထိပ်တန်းဂေါက်သီးသမား စာရင်းဝင်သွားပြီး သူ့ရိုက်ချက်တွေ ပိုကောင်းလာဖို့ကိုလည်း မျှော်လင့်တောင်းဆိုလာကြပါတယ်။ "အဲဒါသဘာဝကျပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ မေဂျာချန်ပီယံဖြစ်ပြီ ဆိုတာနဲ့ ထူးထူးခြားခြား လက်စွမ်းပြနိုင်လည်း အဲဒါက သာမန် လက်ရည်လောက်ပဲ လူတွေက ပြောကြပါတယ်။ ဒါကြောင့် ပြိုင်ပွဲတွေမှာ အရင်ထက် သတိထားလာရပါတယ်။ အခုတော့ ကောင်းသထက်ကောင်းအောင် ကျွန်တော်ရိုက်နိုင်နေပါတယ်"လို့ အသက်(၂၉)နှစ်ရှိ ဂျာမနီဂေါက်သီးသမား မာတင်ကေးမားက ပြောသွားပါတယ်။

No comments:

Post a Comment

back to top