Friday, June 20, 2014

ပထမဆုံး ဇာတ်ကားမှာ အခက်အခဲမရှိ သရုပ်ဆောင် နိုင်ခဲ့လို့ ဝမ်းသာ မိတယ်လို့ ဆိုလာသူ လဲ့ယမင်း 

Photo Model အဖြစ် ရပ်တည်လာခဲ့သူ လဲ့ယမင်းသည် သူမအား ပထမဆုံး သရုပ်ဆောင် လုပ်ရန် ကမ်းလှမ်းလာခြင်း ခံခဲ့ရသည့် ဇာတ်ကားတွင် အခက်အခဲမရှိ အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့ သည့် အတွက်  ဝမ်းသာမိပါတယ်လို့ ဆိုလာခဲ့သည်။
''ယမင်းကို ကားရိုက်ဖို့ ကမ်းလှမ်းလာတော့ စိတ်ထဲမှာ  ဖြစ်ပါ့မလားလို့ စိုးရိမ်မိပါတယ်။ ယမင်း အတွက် ပထမဆုံးကား ဖြစ်လို့လေ၊ ဒါရိုက်တာသည် ခေတ်နေကလည်း ဒီကာရိုက်တာက ယမင်းနဲ့ အဆင်ပြေမှာပါ။ ဇာတ်ကား လေးက ဖန်စီ အချစ်ဇာတ်လမ်းလေး ဆိုပေမယ့် ပရိသတ်ရင်ထဲမှာ ကျန်ရစ်စေမယ့် ဇာတ်ကားလေးပါ။ ဇာတ်ကားနာမည်က Candy Crash ပါ။ မင်းသားက မင်းသွေး၊ သားညီ၊   မင်းသမီးက  ယမင်းအပါအဝင် လေးယောက်ပေါ့။  အစ်ကို၊ အစ်မတွေ အားလုံးက ဖေးဖေးမမနဲ့ ဝိုင်းဝန်း သင်ပေးကြတယ်။ လိုအပ် တာတွေလည်း ပြောပြတယ်။ ဒါရိုက်တာ ကလည်း သင်ပေးတယ်။ အဲဒီအတွက်ကြောင့် အခက်အခဲ မရှိဘဲ သရုပ်ဆောင် နိုင်ခဲ့တာပါ။ ယမင်းကိုယ်တိုင် ကလည်း ဒီကားမှာ ကြိုးစား ထားပါတယ်။   နောက်လည်းပဲ ဆက်လက် ကြိုးစား သွားမှာပါ'' ဟု ပြောပြခဲ့သည်။
Model လဲ့ယမင်းသည် ပထမဆုံး ဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားခဲ့ပြီး    နောက်ထပ် ကမ်းလှမ်း လာမည့် ဇာတ်ကားများ ရှိလာခဲ့လျှင်လည်း ကြိုးစား ကြည့်ချင် သေးကြောင်းနှင့် ဇွန်လ ထဲတွင် လည်း ကြော်ငြာများ ရိုက်ကူးရန် လက်ခံထားကြောင်း ပြောပြ ခဲ့သည်။

No comments:

Post a Comment

back to top