ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်
တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်န ယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းသည် (၁၉-၆-၂၀၁၄) ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းသို့ သွားရောက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တွေ့ဆုံကာ အာခါ တိုင်းရင်းသားရေးရာဝန်ကြီး နှင့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးများ တာချီလိတ်လာရောက်မည့် ခရီးစဉ်ကိစ္စ၊ အမျိုးသမီးများအတွက် ကျန်းမာရေးဟောပြောပွဲပြုလုပ်ရန် စီစဉ်ထားရှိမှုကိစ္စ၊ ရပ်ကွက်-ကျေးရွာ အုပ်စု ပြည်သူများ နိုင်ငံသားမှတ်ပုံတင် လိုအပ်နေခြင်း၊ အိမ်ထောင်စုစာရင်း လိုအပ်နေခြင်း ကိစ္စများ၊ ရန်အောင်မြေရပ်ကွက် ဈေးလမ်းပျက်စီးနေခြင်း ကိစ္စ များနှင့် နယ်မြေအခြေအနေများအား တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ပါသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သည် ရန်အောင်မြေရပ်ကွက် ဈေးလမ်း ပျက်စီးနေခြင်းကိစ္စအား ရပ်ကွက်အထောက်အကူပြုအဖွဲ့များမှ တင်ပြ လာသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ စည်ပင်အမှုဆောင်အရာရှိ ဦးကိုကို နှင့် စည်ပင် အင်ဂျင် နီယာများ၊ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားဆော် နှင့် ရပ်ကွက် အထောက်အကူပြုအဖွဲ့များ၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ ဦးလွန်းသူ၊ မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ ဒေါ်အေးမိုးထွန်း၊ ရပ်ကွက် စည်းရုံးရေးမှူး ဦးဆန်းငွေလင်း တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါလမ်းသည် ယခင်ရေစီးရေလာ ပြုလုပ်နေသည့် ကြားဖြတ်မြှောင်းမှာ ယခု (လုံးဝ) မရှိသဖြင့် လမ်းမှ မြှောင်းသွယ်တစ်ခုကို ချက်ခြင်းဆောင်ရွက်ပေးနိုင်ရေးကို ညှိနှိုင်းခဲ့ပြီး၊ ကျေးရွာ အနေဖြင့်လည်း ရေမြှောင်းသွယ်များ တူးဖေါ်ပေးနိုင်ရေးများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
နေ့လည်ပိုင်းတွင် ရတနာပုံ ဖိုင်ဘာဆားဗစ် (ဂျီအက်စ်အမ်)၊ ဆက်သွယ်ရေး ကေဘယ်ကြိုး တပ်ဆင်မည့်အဖွဲ့၊ တာချီလိတ်မြို့ မြန်မာ့ဆက်သွယ်ရေးအဖွဲ့ များနှင့် တွေ့ဆုံပြီး တာလော့လမ်း ကေဘယ်ကြိုး တပ်ဆင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သည် မကာဟိုခမ်းရပ်ကွက်၊ ကက်သလစ် ခရစ်ယာန် ကျောင်းတွင် ဘာသာဝင် ဦးထွန်းထွန်းဝင်း ခရစ်တော် တွင် အိပ်ပျော်ခြင်း ( နာရေး)သို့ သွားရောက်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံ အားပေးကာ နာရေးလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လည် (၁၃း၃၀) အချိန်တွင် တာချီလိတ်မြို့ ခရိုင်(လ၀က)မှူး ဦးကျော်စွာလွင် နှင့် တွေ့ဆုံပြီး နိုင်ငံသားမှတ်ပုံတင် လိုအပ်နေသည့် ပြည်သူများ၊ အိမ်ထောင်စု စာရင်း လိုအပ်နေသည့် ပြည်သူများ ကူညီပေးနိုင်ရေးကိစ္စများအား သွားရောက် ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နေ့လည် (၁၄း၂၀) အချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် လီဆူး တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးယောဝိ နှင့်တွေ့ ဆုံ၍ နယ်မြေအခြေအနေများ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို တွေ့ဆုံလမ်းညွှန်မှု ခံယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment