Tuesday, June 17, 2014

မြက်ခင်းကွင်း ချန်ပီယံဆုကို အီဗာနိုဗစ် ပထမဆုံး ရရှိ






တနင်္ဂနွေနေ့က အင်္ဂလန် ဘာမင်ဂမ်မြို့မှာ ကျင်းပပြီးစီးတဲ့ အဲဂွန်တင်းနစ်ပြိုင်ပွဲမှာ အမျိုးသမီး ချန်ပီယံဆုကို ဆားဘီးယား တင်းနစ်မယ် အန်နာအီဗာနိုဗစ်က ရသွားပါတယ်။

ဒီပြိုင်ပွဲက ၀င်ဘယ်ဒန် အကြိုအားစမ်းပွဲဖြစ်ပြီး အီဗာနိုဗစ်အနေနဲ့ မြက်ခင်းကွင်း ချန်ပီယံဆုကို ပထမဆုံး ရယူနိုင်တာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ အီဗာနိုဗစ်က ချက်တင်းနစ်မယ် ဘာဘိုရာဇာလာဗိုဗာစထရေကိုဗာကို (၆း၃၊၆း၂)နဲ့ အနိုင်ရပါတယ်။ တစ်ချိန်က ကမ္ဘာ့နံပါတ်(၁)ဖြစ်ခဲ့ပြီး အခုကမ္ဘာ့အဆင့်(၁၃)မှာ ရှိနေတဲ့ အီဗာနိုဗစ်အတွက်တော့ ဒီချန်ပီယံဆုက ဒီနှစ်အတွင်း သူအောင်ပွဲခံနိုင်တဲ့ တတိယမြောက် ချန်ပီယံဆု ဖြစ်ပါတယ်။ သူ့တင်းနစ် သက်တန်း တစ်လျှောက်မှာတော့ ဒီဆုဖလားနဲ့ပါဆိုရင် ချန်ပီယံဆု စုစုပေါင်း(၁၄)ခုကို သူရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top