Monday, May 5, 2014

2014 ASEAN Summit အခမ်းအနားတွင် BMW မော်တော် ယာဉ်များ ပံ့ပိုး ကူညီမည်

၂ဝ၁၄ ခုနှစ် မေလတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက် ကြမည့် နိုင်ငံ့ ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးတွင် အသုံးပြုနိုင်ရန် အတွက် BMW Asia နှင့် BMW ယာဉ်များ တင်သွင်းဖြန့်ချိခွင့် မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Prestige Automobiles Company တို့မှ ပထမ အသုတ်အနေဖြင့် အဆင့်မြင့် BMW မော်တော်ယာဉ်အစီး ၇ဝ စီစဉ်ပံ့ပိုး ဆောင် ရွက်ပေးမည် ဖြစ်သည်။
အဆိုပါ ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် ASEAN နိုင်ငံ့ ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အသုံးပြု လိုက်ပါ စီးနင်းနိုင်ရန် BMW 7 Series, 5 Series Executive Sedan နှင့် BMW X5Sports Activity Vehicle တို့အား ပထမအသုတ် အနေဖြင့် မော်တော်ယာဉ် အစီး ၇ဝ ပံ့ပိုးကူညီ မည် ဖြစ်ပြီး လွှဲပြောင်း ပေးအပ်မည့် အခမ်းအနားကို  မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန နေပြည်တော်၌ ကျင်းပရာ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူးက လက်ခံသည်။
BMW သည် ယခုကဲ့သို့ ထင်ရှား အရေးပါသော ASEAN Summit အခမ်းအနားနှင့် သင့်တော် လိုက်ဖက်မှု ရှိသည့် အဆင့်မြင့် မော်တော်ယာဉ် များအား ၂ဝ၁၂ နှင့် ၂ဝ၁၃ ခုနှစ်များတွင် ကမ္ဘောဒီးယား နိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့၌ ကျင်းပခဲ့သည့် ASEAN Summit အခမ်းအနားတွင် ပံ့ပိုးခဲ့ပြီး သုံးနှစ်ဆက် တိုက် ဆောင် ရွက်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top