Grazia မဂ္ဂဇင်း၏ တောင်ကိုရီးယား
နိုင်ငံထုတ် Versionတွင် ဆောင်းဂျီဟိုအား မျက်နှာဖုံးရှင် အဖြစ်
ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ Sex Is Zero 2 မင်းသမီးသည် ဆံပင်ကို
နီနီမြန်းမြန်း အရောင်ဆိုးကာ အပြာရောင်ကို အသားပေးထားသည့်
ဖက်ရှင်အမျိုးမျိုး ပြောင်းလဲပြီး ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံထားသည်ကို
တွေ့ရသည်။ အသက် (၃၂) နှစ်ရှိ ဂျီဟိုသည် Variety Show အစီအစဉ် တစ်ခုဖြစ်သော
Running Man မှ အဖွဲ့ဝင်တစ်ဦး အနေဖြင့် နာမည်ကျော်သူ ဖြစ်သည်။
Running Man ရုပ်မြင်သံကြား Show
အစီအစဉ်များသည် ယခုအခါ တောင်ကိုရီးယားတွင်သာမက အာရှတိုက် တစ်ခုလုံးထိ
အောင်မြင်လာခဲ့သလို ဥရောပထိပါ ထိုးဖောက်လာခဲ့သည်။ ဂျီဟိုသည် မကြာသေးမီကမှ
နာမည်ကြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Emergency Couple တွင်
ပါဝင်သရုပ်ဆောင်ထားခဲ့သည်။ ထိုဇာတ်လမ်းတွင် ဂျီဟိုသည်
ချွိုင်ဂျင်ဟွတ်ခ်နှင့် တွဲဖက်ပြီး ဇနီးမောင်နှံဟောင်း နှစ်ဦးကြား
ဆက်ဆံရေးကို ဇာတ်မြူးတစ်ခုသဖွယ် ဖန်တီးပြထားသည်။
Grazia မဂ္ဂဇင်းက ထိုဇာတ်လမ်းတွဲနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ ဂျီဟိုက
“အပြင်လောကမှာ ကျွန်မသာ ဖြစ်နေရင်တော့ အိုချန်မင်း (ဂျင်ဟွတ်ခ်၏
ဇာတ်ရုပ်)ကိုလည်း ပြန်မရွေးဘူး။ ကွတ်ခ်ချန်ဆူး (လီပိုင်မို
သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်) ကိုလည်း ရွေးမနေတော့ဘူး။ ကိုယ့်ဖာသာပဲ
တခြားလမ်းကြောင်း တစ်ခုကို တစ်ယောက်တည်း လျှောက်လိုက်မိမယ် ထင်ပါတယ်” ဟု
ဖြေကြားခဲ့သည်။ သူမသည် Running Man အစီအစဉ်များတွင် မိတ်ကပ်
အနည်းငယ်မျှနှင့် သဘာဝဆန်ဆန် ပါဝင်လေ့ ရှိသော်လည်း Grazia မဂ္ဂဇင်း၏
မျက်နှာဖုံးတွင်မူ ပင်ကို ညှို့ဓာတ်ကို အစွမ်းကုန် ထုတ်ပြထားနိုင်ကြောင်း
တောင်ကိုရီးယား Kpop သတင်းများက ချီးကျူးရေးသားခဲ့ကြသည်။
No comments:
Post a Comment