Monday, May 12, 2014

ပျောက်ဆုံးမလေးရှားလေယာဉ် MH370 ရေအောက်ရှာဖွေမှု ရက်ပိုင်း အတွင်း ပြန်စမည်

ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းမှ MH370 လေယာဉ်ရှာဖွေရေးကို လာမည့် ရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သြစတြေးလျ တာဝန်ရှိသူ တစ်ဦး က ပြောကြား လိုက်သည်။
အဆိုပါ လေယာဉ်ရှာဖွေ ရေးကို နောက်ဆုံးရှာဖွေခဲ့သည့် ပုံစံအတိုင်း ရေငုပ် သင်္ဘောဖြင့် ရေအောက် ရှာဖွေမှု လုပ်မည်ဖြစ် ကာ ရှာဖွေရေးယာဉ်ကိုလည်း သင်္ဘောတင်ကာ ပင်လယ်ပြင် တွင်း နေရာချရန် စနေနေ့မှစ၍ ပြင်ဆင်နေခဲ့သည်။
ရှာဖွေရေးတွင် ပါဝင်သည့် သြစတြေးလျစစ်သင်္ဘော Ocean Shield သည် လေယာဉ်မှ နောက် ဆုံး အချက်ပြမှုများ ထုတ်လွှတ်ခဲ့ သည့်နေရာဖြစ်သည့် အိန္ဒိယ သမုဒ္ဒရာအတွင်းနေရာသို့ စနေ နေ့ တွင် ပြန်လည်သွားရောက်ခဲ့ ပြီးဖြစ်သည်။
‘‘သူတို့ တစ်ခုခုတွေ့ချင် လည်း တွေ့မယ်။ မတွေ့ချင် လည်း မတွေ့ပါဘူး။ ကျွန်တော် တို့ လုပ်နိုင်တာအားလုံးက အ ကောင်းဆုံး ညွှန်ပြထားတဲ့နေရာ တွေကို ရှာကြည့်တာနဲ့ မမောမ ချင်းအထိ ရှာရမှာဖြစ်ပါတယ်’’ဟု ကန်ရေတပ်ကပ္ပတိန် မာက်မက် သရူးက သြစတြေးလျ အသံလွှင့် ကော် ပိုရေးရှင်းအား ပြောသည်။
ပြီးခဲ့သည့်လပိုင်းမှစတင်၍ ရှာဖွေရေးများကို ဦးဆောင်ခဲ့သော သြစတြေးလျနိုင်ငံက ၎င်းတို့သည် ဂြိုဟ်တုမှ ဆက်သွယ်မှုများကို အခြေခံ၍ နေရာမှန်တွင် ရှာဖွေနေခြင်းဖြစ်ကြောင်း ယုံကြည်နေသည်။
ယခု ထပ်မံပြုလုပ်မည့် ရှာ ဖွေရေးတွင် နေရာအကျယ်အဝန်း ကို ချုံ့ထားပြီး ရေငုပ်သင်္ဘောငယ် က ရေအောက်မီတာ ၄,၅၀၀ အထိ ရှာဖွေမည်ဟု သိရသည်။

 

No comments:

Post a Comment

back to top