ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ပက်ထရိုပိုရိုရှန်ကို အနိုင်ရ
ချောကလက်ဘုရင်ဟု
လူ သိများသည့် ပက်ထရိုပိုရိုရှန်ကို က ယူကရိန်းသမ္မတရွေးကောက် ပွဲတွင်
အနိုင် ရရှိကြောင်း မေလ ၂၅ ရက်က ပြောကြားပြီး နိုင်ငံမှ ခွဲထွက်လိုသော အရှေ့ပိုင်း
တစ်ဝန်း ရွေးကောက် ပွဲအတွက် အတားအဆီးဖြစ်ခဲ့သည့် ရုရှားလိုလားသော
ဆူပူအုံကြွမှုများကို အဆုံးသတ်ပစ်မည် ဟု ကြွေး ကြော်လိုက်သည်။
ဆိုဗီယက်နိုင်ငံဟောင်း
ယူကရိန်းနိုင်ငံမှာ ပြိုကွဲမည့်အန္တရာယ်ရှိပြီး ဘဏ္ဍာငွေပြတ်လပ်နိုင်သည့် အခြေ အနေတွင်
အနောက်နိုင်ငံလိုလားသည့် ကိုယ့်ဒူးကိုယ်ချွန်သမား ဘီလျံနာသူဌေး
ပက်ထရိုပိုရိုရှန်ကို သည် ထောက်ခံမဲ ၅၆ ရာခိုင်နှုန်းခန့် ရရှိခဲ့သည်။
မိမိ၏ပထမဆုံးသော
ခိုင်မာ သည့် ဆုံးဖြတ်ချက်မှာ စစ်ပွဲကို အဆုံးသတ်ရန်၊ ကသောင်းကနင်း အခြေ အနေများကို
အဆုံးသတ် ရန်နှင့် လွတ်လပ်စည်းလုံးသော ယူကရိန်းနိုင်ငံအတွက် ငြိမ်း ချမ်း ရေး
ဆောင်ကြဉ်းပေးရန်ဖြစ်သည်ဟု ပိုရိုရှန်ကို(၄၈)နှစ်က ကိဗ်မြို့တွင် ပြုလုပ်သော
သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ရွေးကောက်ပွဲတွင်
ပိုရိုရှန် ကို အနိုင်ရရှိခဲ့သော်လည်း လက် နက်ကိုင်တော်လှန်မှုကြောင့် တစ်
နိုင်ငံလုံး မဲပေးသူများ၏ ၁၅ ရာ ခိုင်နှုန်းရှိသော အရှေ့ပိုင်းဒေသ နှစ်ခုတွင်
ရွေးကောက်ပွဲအဟန့် အတား ဖြစ် ခဲ့ရသဖြင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၎င်းသမ္မတ
အဖြစ် ရွေးကောက်ခံရခြင်း တရားဝင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ပိုရိုရှန်ကိုသည်
ပြိုင်ဘက်ဝန်ကြီးချုပ်ဟောင်း မစ္စစ်ယူလီယာတိုင်မိုရှန်ကိုထက် ထောက်ခံမဲ ၃၀
ရာခိုင်နှုန်း ပိုရခဲ့ကြောင်း မဲရေတွက်မှုရလဒ်များအရ သိရသည်။
မစ္စစ်တိုင်မိုရှန်ကိုမှာ
၂၀၀၄ ဒီမိုကရေစီလိုလားသော လိမ္မော်ရောင်တော်လှန်ရေး ကို ခေါင်းဆောင် ခဲ့သော်လည်း
အကျင့်ပျက်ခြစားမှုတွင် ပါဝင်သည်ဆိုခြင်းကြောင့် ရုရှားလိုလားသော အစိုးရဟောင်း၏
ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သည်။
သီတင်းခုနစ်ပတ်ကြာ
တော်လှန်မှုအတွင်း မြို့ပေါင်းတစ်ဒါဇင် ခန့်ကို သိမ်းပိုက်ထားသည့် စစ် သွေးကြွ များ၏
အန္တရာယ်နှင့် ကြုံ တွေ့နေရချိန် ရွေးကောက်ပွဲ ကျင်းပကာ သတ္တိပြခဲ့ခြင်းအတွက် ယူ
ကရိန်းနိုင်ငံ သားများကို သမ္မတ အိုဘားမားက ချီးကျူးလိုက် သည်။
No comments:
Post a Comment