ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆွမ်းလောင်းအသင်း ဓမ္မာရုံတည်ဆောက်နေမှုအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် နာယက
ဒေါ်နီနီဝင်း တို့သည် ၂၀၁၄ ခုနှစ်၊ ဧပြီ (၂၅) ရက်နေ့၊ နံနက် (၈)
နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊
ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီ
တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ ဟင်္သာတ
ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင်/မြို့နယ်
ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျက်
ဟင်္သာတမြို့၊ တာငါးဆယ်မြောက် သာသနာရောင်ခြည် (နွေ) ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း
ဓမ္မာရုံ ဆောက်လုပ် ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုရာ သာသ နာရောင်ခြည်
(နွေ) ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းနှင့် တာဝန်ရှိသူများ က
ဆောက်လုပ်ဆဲ အခြေအနေ၊ ပြီးစီးမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment