ကမ္ဘာ့ဖလားအကြို အစီအစဉ်ကောင်းများ မေလ ၁၂ ရက်နေ့မှ စတင်၍ Sky Net Sports Channel များမှ ပြသမည်
ချစ်ခင်လေးစားအပ်ပါသော အားကစား ၀ါသနာရှင် မိဘပြည်သူ ညီအစ်ကိုမောင်နှမ ပရိသတ်များ အားလုံးအတွက် ၄ နှစ်လျှင်တစ်ကြိမ် မျှော်လင့်ရင်ခုန် စောင့်စား ကြည့်ရှု အားပေးနေကျ ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ လာမယ့်ဇွန်လမှာ ပရိသတ်များ ရှေ့မှောက်သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်များ Sky Net ရုပ်သံလိုင်း အနေဖြင့်လည်း အားကစား ၀ါသနာရှင် ပရိသတ်များအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ကြိုဆိုသည့် အနေဖြင့် အစီအစဉ်သစ်များကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကတော့ WORLD CUP SPECIAL၊ WE ARE FOOTBALL - WE ARE WORLD CUP၊ FOOTBALL ANGELS တို့ပဲဖြစ်ပါတယ်။ WORLD CUP SPECIAL အစီအစဉ်မှာတော့ ဘောလုံးပြိုင်ပွဲများရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပုံရိပ်များကို ဂီတနဲ့ ပေါင်းစပ်ထားတဲ့ အသွင်သစ်နဲ့ တွေ့မြင်ရမှာပါ။ ဒီအစီအစဉ်မှာ ပရိသတ်များအနေနဲ့ ၄-နှစ်တစ်ကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် ထွက်ရှိတဲ့ WORLD CUP THEME SONGS သီချင်းတွေကို ပြန်လည် ခံစားရမှာ ဖြစ်သလို WORLD CUP THEME SONGS တစ်ခုချင်းစီရဲ့ အကြောင်းတွေအပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် သမိုင်းကြောင်းတွေနဲ့ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ နိုင်ငံအကြောင်းတွေကို စိတ်ဝင်စားစရာ တင်ဆက်ထားတာကြောင့် လက်မလွှတ်တမ်း စောင့်ကြည့်ရမယ့် အစီအစဉ် ဖြစ်လာမယ်ဆိုတာ ပရိသတ်များအတွက် အကြံပေး တင်ပြလိုက်ရပါတယ်။ WE ARE FOOTBALL - WE ARE WORLD CUP ဆိုတဲ့ အစီအစဉ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မတူညီသော ရှုထောင့်အသီးသီး ကနေပြီး ယနေ့နာမည်ကြီး ဟာသ သရုပ်ဆောင်များက ဆွေးနွေးသုံးသပ် တင်ဆက်ထားတဲ့ အစီအစဉ်လေးတစ်ခုပါ။ ဒီအစီအစဉ်ဟာ ပရိသတ်များအတွက် ကမ္ဘာ့ဖလားကို စောင့်မျှော် ရင်ခုန်ရင်း တစ်နေ့တာ ဘ၀အမောတွေကို ပြေပျောက်စေမယ့် ရယ်မောပျော်ရွှင်နိုင်စေမယ့် အစီအစဉ်လေးတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။ FOOTBALL ANGELS အစီအစဉ်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲအပေါ် ယနေ့နာမည်ကြီး မော်ဒယ်များကနေပြီး သူတို့အနေနဲ့ ကမ္ဘာ့ဖလားအတွက်ကို ဘယ်လိုစိတ်ဝင်စားပြီး ရင်ခုန်နေတယ်ဆိုတာတွေအပြင် ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး နာမည်ကြီး အောင်မြင်နေတဲ့သူတွေအကြောင်း၊ ကစားသမား တစ်ဦးချင်းစီရဲ့ လူမှုဘဝ၊ ဖက်ရှင်စတဲ့ အကြောင်းအရာများကို တင်ပြဆွေးနွေးထားတဲ့ အစီအစဉ်လေးဖြစ်လို့ စောင့်ကြည့် အားပေးသင့်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ လာမယ့်ဇွန်လမှာ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sky Net ရုပ်သံမှ တိုက်ရိုက် တင်ဆက်သွားမှာ ဖြစ်သလို Sky Net ရုပ်သံမှ ကမ္ဘာ့ဖလားအတွက်ကို ကြိုဆိုသောအားဖြင့် အားကစား ၀ါသနာရှင် မိဘပြည်သူ ပရိသတ်များအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ WORLD CUP SPECIAL၊ WE ARE FOOTBALL - WE ARE WORLD CUP၊ FOOTBALL ANGELS အစီအစဉ်ကောင်းလေးတွေကို မေလ ၁၂ ရက်နေ့ကနေ စတင်ပြီး Sky Net Sports Channel ရုပ်သံလိုင်းများမှာ ထုတ်လွှင့်ပြသ တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
No comments:
Post a Comment