Thursday, May 15, 2014

တရုတ်စစ်ဘက်၏ Long Sword ဒုံးကျည် အမေရိကန်၊ ဂျပန်၊ တရုတ် (တိုင်ပေ) တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်

တရုတ်နိုင်ငံ၏ CJ-10 " Long Sword " ခရုဇ်ဒုံးကျည်သည်အမေရိကန်နိုင်ငံ၏ Block-IV Tomahawk ဒုံးကျည်အား ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး အမေရိကန်၊ ဂျပန်၊ သို့မဟုတ် တရုတ် (တိုင်ပေ) တို့နှင့် ဖြစ်လာနိုင်ဖွယ် ရှိသော ရေကြောင်းဆိုင်ရာ ပဋိပက္ခအတွက် ကြီးမားသော တိုက်စွမ်းအား ရှိကြောင်း  အမေရိကန် အခြေစိုက် နိုင်ငံရေး မဂ္ဂဇင်း "The National Interest " တွင် ဖော်ပြထားသည်ဟု သိရသည်။
အမေရိကန် ရေတပ်အနေဖြင့် ၎င်းတို့၏ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များ၏ အမျိုးအစားနှင့် အရည်အ သွေးအား ကန့်သတ်ထားချိန်တွင် တရုတ်နိုင်ငံ၏ ခရုဇ်ဒုံးကျည် တီထွင်ထုတ်လုပ်မှုမှာ အလျင်အမြန် တိုးတက်လာခဲ့ကြောင်း စောင့်ကြည့် လေ့လာသူများက သုံးသပ်ခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် ထုတ်လုပ်ထားသည့် ကီလိုမီတာ ၂ဝဝ (၁၂၄ မိုင်) ထိ ပစ်ခတ်နိုင်သော ဝေဟင်မှ မြေပြင်ပစ် YJ-63 ခရုဇ်ဒုံးကျည်များနှင့် ၁၅ဝဝ ကီလိုမီတာ (၉၃ဝ မိုင်) အထက် ပစ်ခတ်နိုင်သော မြေပြင်မှ မြေပြင်ပစ် DH-10 အမျိုးအစား ခရုဇ်ဒုံးကျည်များကို တပ်ဖြန့်ချ ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် CJ-10 အမျိုးအစား ခရုဇ်ဒုံးကျည်များအား ဝေဟင်နှင့် ရေပြင်သင်္ဘောတို့မှ ပစ်ခတ်နိုင်ရန် ရည်ရွယ်ထားပြီး DH-10 အမျိုးအစားအား ဝေဟင်မှ ပစ်ခတ်နိုင်ရန် ရည်ရွယ်ထား၍ H-6K အမျိုးအစား ဗုံးကြဲလေယာဉ် အသစ်တွင် တပ်ဆင် စမ်းသပ် ပစ်လွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ CJ-10 ခရုဇ်ဒုံးကျည်သည် အမေရိကန်၏ Block-IV Tamahawk ခရုဇ်ဒုံးကျည်အား ယှဉ်ပြိုင် နိုင်စွမ်းရှိကြောင်း၊ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော CJ-20 အမျိုးအစား ဒုံးကျည်အား တီထွင် ထုတ်လုပ်လျက် ရှိကြောင်းနှင့် တရုတ်နိုင်ငံမှ တရုတ် (တိုင်ပေ) သို့ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံး ၂၅၅ စင်းနှင့် မြေပြင်ပစ် ခရုဇ်ဒုံး ၃ဝ၅ စင်းအထိ ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top