Wednesday, May 28, 2014

အမေရိကန် မရိန်းတပ်ဖွဲ့ဝင် တစ်ဦးအား ပြန်လွှတ် ပေးရန် ဂျွန်ကယ်ရီက အီရန်အား တိုက်တွန်း ပြောကြား 

အီရန်နိုင်ငံတွင် သုံးနှစ်ကြာ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အမေရိကန် မရိန်း တပ်ဖွဲ့ဝင်ဟောင်း Amir Hekmati အား ပြန်လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်နိုင်ငံအား မေ ၂၆ ရက်တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ အီရန်နွယ်ဖွား အမေရိကန် နိုင်ငံသား Amir Hekmati သည် အီရန်နိုင်ငံရှိ ၎င်း၏ မိသားစုထံသို့ ပြန်လာစဉ်  အမေရိကန် ဗဟိုထောက် လှမ်းရေး အေဂျင်စီ  (CIA) အတွက် သူလျှိုလုပ်မှုဖြင့်  ၂ဝ၁၁ ခုနှစ်  သြဂုတ်လအတွင်း၌ ဖမ်းဆီးခံခဲ့ရ သည်။  အမေရိကန်နိုင်ငံရှိ မိသားစု များနှင့် ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် အီရန်နိုင်ငံအနေဖြင့် ၎င်းအား ပြန် လွှတ်ပေးရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ဂျွန်ကယ်ရီ က ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အကျဉ်းထောင်အတွင်းရှိ ၎င်း၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိ ကြောင်း ဂျွန်ကယ်ရီက ထပ်လောင်း ပြောကြားခဲ့သည်။ အီရန် တရားရုံးချုပ်က Hekmati အား အမေရိကန် အစိုးရနှင့် ပူးပေါင်း မှုဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။



No comments:

Post a Comment

back to top