ဂျပန်နှင့် တရုတ် နိုင်ငံ အကြား ဥပဒေပြု အမတ်များ အမြင်ချင်း ဖလှယ်ခြင်း ကို ရှင်ဇို အာဘေး ကြိုဆို
တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ဥပဒေပြု အမတ်များအကြား အပြန် အလှန် အမြင်ချင်း ဖလှယ်မှုများသည် အကျိုးကျေးဇူး များစွာကို ရရှိစေမည်ဟု ယုံကြည်ကြောင်းမေ ၁၃ ရက်တွင် ဂျပန်ပြုပြင်ပြောင်းလဲရေး ဒီမိုကရက်တစ် ပါတီ အကြီးအကဲ Takeshi Noda ဘဏ္ဍာ ရေးဝန်ကြီး ဟောင်း Fukushiro Nukaga တို့နှင့် တွေ့ဆုံစဉ်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြား ခဲ့သည် ဟု သိရသည်။
တရုတ်နိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီများသည် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီး ပေးသောကြောင့် တရုတ်နိုင်ငံအတွက် ဂျပန်နိုင်ငံသည် အဓိက အရေးပါကြောင်းနှင့် နှစ်နိုင်ငံအကြား ဆက် ဆံရေး တင်းမာမှုများကြောင့် အဟန့်အတားဖြစ်နေသော တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးဆောင် ရွက်မှုများနှင့်ပတ်သက်၍ သဘောတူညီချက် ရရှိစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘက်မှ ပြောကြားခဲ့မှုကို Noda ရှင်ဇိုအာဘေးအား ပြန်လည် ပြောကြားခဲ့သည်။
ထို့အပြင် အာဘေးကလည်း ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ခွင့် ရရှိပါက တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီ ပေးနိုင်မည်ဖြစ်ပြီး သံတမန် ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း ပြန် လည် ပြောကြားခဲ့သည်။ Noda နှင့် Nukaga တို့သည် တရုတ် ကွန်မြူနစ်ပါတီတွင် အဆင့် ၄ ရှိသော Yu Zhengsheng နှင့် အခြား သော အရာရှိကြီး များနှင့်လည်း ပေကျင်းမြို့၌ လွန်ခဲ့သောအပတ်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment