ကိုလံဘတ်စ်၏ သင်္ဘောဟု ယူဆရသော သင်္ဘောပျက် တစ်ခု ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိ
(Santa Maria) ဆန်တာမာရီရာ အမည်ရှိ ၎င်း၏ သင်္ဘောကို ကာရစ်ဘီယံ ပင်လယ်တွင် စွန့်ပစ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅ဝဝ ကျော် အကြာတွင် ၎င်းသင်္ဘောဟု ယူဆရသော သင်္ဘောပျက်ကြီးကို ဟေတီနိုင်ငံ မြောက်ဘက် ကမ်းလွန်၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရေအောက် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။
ကိုလံဘတ်စ်၏ ဆန်တာမာရီရာ သင်္ဘောပျက်ကြီးဟု ယူဆရခြင်းမှာ ရေအောက် ပထဝီဝင် မြေမျက်နှာ သွင်ပြင်နှင့် ရှေးဟောင်း သုတေသနဆိုင်ရာ သက်သေ အထောက်အထားများကို ခိုင်ခိုင်မာမာ ရရှိထားခြင်း ကြောင့်ဖြစ်ကြောင်း မကြာမီက စူးစမ်း လေ့လာမှုများကို လုပ်ဆောင်ခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သူ ဘာရီကလစ်ဖို့ဒ်က Independent သတင်းဌာနကို ပြောကြားခဲ့သည်။
၂ဝဝ၃ ခုနှစ်တွင် ကလစ်ဖို့ဒ် ဦးဆောင်သော စူးစမ်း လေ့လာရေး အဖွဲ့သည် သင်္ဘောပျက်ကြီးကို တွေ့ရှိ၍ ၎င်းသင်္ဘောပျက်ကို ဓာတ်ပုံများ ရိုက်ယူခဲ့ပြီးနောက် ဖြစ်နိုင်ခြေရှိသော ဆန်တာမာရီရာ သင်္ဘောပျက် ရှာဖွေ မှုကို ဆယ်စုနှစ် တစ်ခုကျော်ကြာ လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် အသေးစိတ် အချက်အလက်များကို အတိအကျ မသိရှိသေးပေ။
ထို့ကြောင့် ဟေတီနိုင်ငံ မြောက်နယ်မြေသစ် ရှာဖွေသူ တစ်ဦးဖြစ်သော ခရစ္စတိုဖာ ကိုလံဘတ်စ်သည်ဘက် ကမ်းလွန်ရှိ ပင်လယ် ရေအောက်ကြမ်းပြင်မှ သင်္ဘောပျက် ၄ဝဝ ကျော်ကို ရေအောက် ရှေးဟောင်း သုတေသန ပညာရှင်အဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ သင်္ဘောပျက် ရှာဖွေရေး အစီအစဉ်တွင် ဟေတီ အစိုးရအဖွဲ့က ၎င်းအဖွဲ့ကို အကူအညီများ ပေးအပ်လျက် ရှိကြောင်း ကလစ်ဖို့ဒ်က ပြောကြားခဲ့သည်။
No comments:
Post a Comment