Tuesday, April 1, 2014

အမှိုက် သိမ်းဆည်း ခြင်းနှင့် သိမ်းဆည်း အမှိုက်များ သယ်ယူ ပို့ဆောင် စွန့်ပစ်ခြင်း လုပ်ငန်းများ ပုဂ္ဂလိက သို့ ၁ဝ နှစ် လွှဲပြောင်း ဆောင် ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်း ဆည်းအမှိုက်များ သယ်ယူပို့ဆောင်စွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ်
၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ၁ဝနှစ် အထိလွှဲပြောင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ် အတွင်း ခရိုင် လေးခရိုင်ခွဲပြီး အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများ ကို ဆောင်ရွက် လျက်ရှိရာ ယင်းသို့ဆောင်ရွက်ရာတွင် အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်း၊ သိမ်းဆည်းပြီးအမှိုက် သယ်ယူပို့ဆောင်သည့်လုပ်ငန်း၊ သယ်ယူပို့ဆောင် သော အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းပြီးအမှိုက် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် လွှဲပြောင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လိုသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက် နောက်ဆုံးထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ကျောက်တံတားမြို့နယ် သို့ တင်ဒါတင်သွင်းရမည် ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက်ထက် ကျော်လွန်၍ တင်ပြလာသော တင်ဒါများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း၊ လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ပုဂ္ဂလိကလုပ်ငန်းကို၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁ဝ နှစ်သက်တမ်းအထိ ပုဂ္ဂလိကလုပ်ငန်း အဖြစ်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

back to top