`` ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖလား လူငယ်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ ´´
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖလား လူငယ်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက် နေ့လည် (၀၂း၀၀)နာရီအချိန်က သစ်လေးလုံးအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုနယ်မြေပါတီအတွင်းရေးမှူး ဦးခင်မောင်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဖေသန်းဦး၊ ဒေါ်သီတာထွေး၊ ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဦးသိန်းဇော်၊ မြို့နယ်အတွင်းရေးမှူး ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်း(၈)သင်းမှ ကစားသမားများ၊ မြို့နယ်ဘော်လီဘောဆပ်ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ကျော်ခန့် တက်ရောက် အားပေးကြည့်ရှုကြပါသည်။
၎င်းနောက်
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညနေ(၀၅း၀၀)နာရီအချိန်၌ ဆက်လက်ကျင်းပရာ
ပထမရရှိသော ဇီးဖြူပင်အသင်းအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်ဌေးမှလည်းကောင်း၊ ဒုတိယရရှိသော ညောင်ပင်သာအသင်းအား
ဦးမှတ်ကြီးမှလည်းကောင်း၊ တတိယရရှိသော ကူးတို့ဆိပ်အသင်းအား
မြို့နယ်ဘော်လီဘော ဆပ်ကော်မတီ ဥက္ကဌမှလည်းကောင်း၊ အထူးနှစ်သိမ့်ဆု(စတုတ္ထ)
ရရှိသော ရွာသစ်အသင်းအား ဦးဝင်းမြင့်မှလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော
ကျန်အသင်းများအား ဦးဖေသန်းဦးနှင့် ဦးသိန်းဇော်တို့မှလည်းကောင်း
ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ပြိုင်ပွဲကျင်းပရေးအတွက်
အခမ်းအနားပြင်ဆင်ပေးခဲ့ကြသော ပုရွက်ဆိတ်ကုန်းကျေးရွာမှ လူငယ်ခေါင်းဆောင်
ကိုသက်နိုင် နှင့် မြေနေရာ ကူညီပေးခဲ့သော ဦးခင်မောင်မြင့်တို့အား
မြို့နယ်အတွင်းရေးမှူး ဒေါ်ဝင်းဝင်းသီမှ ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။
လူငယ်ဘော်လီဘောပြိုင်ပွဲကို (၂၀-၁-၂၀၁၄) ရက်နေ့မှ စတင်၍ အုပ်စု(က)တွင်
ညောင်ပင်သာ၊ သစ်လေးလုံး၊ ငကောင်းကံ၊ ရွာသစ်အသင်းတို့မှလည်းကောင်း၊
အုပ်စု(ခ)တွင် ဇီးဖြူပင်၊ လဲလူးအိုင်၊ ကူးတို့ဆိပ်၊
မယ်ဇလီကုန်းတို့မှလည်းကောင်း အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး
ပထမဆုအဖြစ် ဆုငွေ ၁၀၀၀၀၀ိ/-+ ဆုဖလား၊ ဒုတိယဆုအဖြစ်ဆုငွေ ၈၀၀၀၀ိ/-+ ဆုဖလား၊
တတိယဆုအဖြစ်ဆုငွေ ၆၀၀၀၀ိ/-+ ဆုဖလား နှင့် အထူးနှစ်သိမ့် ဆုငွေ ၄၀၀၀၀ိ/-
တို့အပြင် ကျန်အသင်း (၄)ကိုပါ နှစ်သိမ့်ဆုအဖြစ် ဆုငွေ ၃၀၀၀၀ိ/-
ချီးမြှင့်ခဲ့ပါကြောင်း ၊ ယခုပြိုင်ပွဲဝင် အသင်း(၈)သင်းမှ
မြို့နယ်လက်ရွေးစင်အဖြစ် အသင်း(၁)သင်းရွေးချယ်ပြီး (၁၀-၂-၂၀၁၄)ရက်နေ့တွင်
ကျင်းပမည့် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဖလား ဘော်လီဘောပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လူငယ်တာဝန်ခံ ဦးထက်မင်းအောင်မှ
ပြောပြသိရှိရသည်။
No comments:
Post a Comment