“ပဒေသာပင်ဆိုတာ”
* ဘိန်စားခြင်းအတူတူ
ဘိန်းတစ်လုံး ပိုမရှုကြနဲ့
* ကျွန်တော်တို့မြို့မှာ
ဘိလပ်မြေစီမံကိန်း
* ဒေါ်လာသိန်းသောင်းမက ရင်းနှီးမြှုပ်နှံ
တစ်မြို့လုံးသောသောညံလို့ ပီတိသံလျှံထွက်
* အေးခဲနေတဲ့ ကျောက်တုံးတွေက
ထုစားလို့မရ ကိုက်စားလို့မရ
အေးစက်စက်ကျောင်တောင်
လူ့ဘောင်အတွက် အကျိုးမပြု
* ရာစုတွေသာ ကြာညောင်းလာခဲ့
အဲဒီကျောက်တောင်ကြီးက
ကျွန်တော်တို့မြို့ကို အကျိုးစီးပွား
ချန်မထားနိုင်ခဲ့
* ဟော အခု
စက်ရုံအတွက် ပရောဂျက်ကြောင့်
လမ်းတွေလည်းဖောက် အဆောင်အဦးတိုက်တာ
မြေနေရာတွေမှာ ဆိုင်တွေအပြည့်
ရောင်းဝယ်ဖောက်ကား တို့မြို့သားတွေအတွက်
အလုပ်လက်မဲ့မရှိ ပကတိရွှေထွက်
အဲ့ဒါ ပဉ္စလက်ပဲ
ဘေးထိုင်- ဘိုင်ကျ- ဘုပြောရုံနဲ့
တိုင်းပြည်တိုးတက်လာမှာမဟုတ်
ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်နေရုံနဲ့
တိုင်းပြည်ကောင်းစားလာမှာမဟုတ်ဘူး
အပြုသဘောကိုဆောင်
အပျက်သဘောကိုရှောင်
ဘောင်ခတ်ထားတဲ့ မျက်လုံးစိမ်းနဲ့
အစွန်းတစ်ဖက်ကို နင်းမယ်ဆိုရင်
တို့မြန်မာတွေ
ဆင်းရဲတွင်း နက်သထက်နက်အုံးမှာဘဲလေ။
နေ၀န်းသစ်(ရာမည)
No comments:
Post a Comment