Thursday, December 4, 2014

မန်ယူထိပ်ဆုံးလေးနေရာတက် လီဗာပူးနှစ်ပွဲဆက်တိုက်နိုင်
အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ် (၁၄) ပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည်။ မန်ယူက လေးပွဲ ဆက်တိုက် နိုင်ပြီး ဇယားထိပ် ဆုံးနေရာလေးခုတွင်ပို၍ ခိုင်မာစွာ ရပ်တည်လာနိုင်ရန် အားကောင်းလာသည်။
အိမ်ရှင် မန်ယူအတွက် အဖွင့်ဂိုးကို ပွဲစပြီး ၂၁ မိနစ်အကြာ ဝဲတောင်ပံမှ ဖြတ်တင် ပေးလိုက်သော ဘောလုံးကို ဖယ်လိုင်နီက အမိအရ ခေါင်းတိုက်ယူခဲ့သည်။ စတုတ်အတွက် ချေပဂိုးကို အင်န်ဇွန်ဇီက သွင်းယူခဲ့ သည်။ စတုတ်အနေဖြင့် သုံးပွဲဆက်တိုက် ရှုံးပွဲမကြုံစေရန် ကြိုးစားသော်လည်း မာတာက အလွတ်တည်ကန်ဘောမှ တစ်ဆင့် မန်ယူအတွက် အနိုင် ဂိုး သွင်းယူ ပေးခဲ့သဖြင့်မှန်းချက်နှင့် လွဲချော် သွားခဲ့ရသည်။
လီဗာပူးနှင့် လက်စတာတို့ ပွဲတွင် လီဗာပူးက သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည်။ လီဗာပူးအသင်းသည် နှစ်ပွဲဆက်တိုက်နိုင်ပြီး ဇယားနံပါတ်ရှစ် နေရာသို့ တက်လာသည်။ ယင်းပွဲ တွင် လီဗာပူးအသင်း ခေါင်းဆောင် ဂျရတ်က အသင်းသို့ ပြန်လာပြီးနောက် ပထမဆုံး ဂိုးသွင်းယူ ပေးခဲ့သည်။ လက်စတာဂိုးသမား မီနိုလတ် ၏ခေါင်းကို ဘောလုံးထိမှန်ပြီး ဂိုးဝင် သွား၍ ကိုယ့်ဂိုးကို ပြန်သွင်းသလို ဖြစ်ပြီး လီဗာပူးတို့ ဒုတိယဂိုးရခဲ့ သည်။ လက်စတာမှ မော်ဂန်သည် လမ်းဘတ်အား ကြမ်းတမ်းစွာ ကစားခဲ့သည့်အတွက် နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။ဟန်ဒါဆင်က လီဗာပူးအတွက် တတိယဂိုး သွင်းပေးသည်။ ခရစ္စတယ်ပဲလေ့စ်နှင့် အက်စ်တွန်ဗီလာ တို့ပွဲတွင် အက်စ်တွန်ဗီလာက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ခဲ့သည်။ ယင်းအနိုင်ပွဲကြောင့် အက်စ်တွန်ဗီလာ အသင်းသည် ကိုးပွဲမြောက် အနိုင်မရရှိခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။ အက်စ်တွန်ဗီလာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘန်ကီကေးက ၁၈ ကိုက် အကွာမှ သွင်းယူခဲ့သည်။

No comments:

Post a Comment

back to top