ဘဝမှာအပင်ပန်းဆုံးရုပ်ရှင်က ‘နင်စေရင်’လို့ဖွင့်ဟတဲ့ ဝတ်မှုံရွှေရည်
ကြော်ငြာမင်းသမီး အဖြစ် ပရိသတ်ကသတ်မှတ်ထား သည့် သရုပ်ဆောင်ဝတ်မှုံရွှေ ရည်က ၂၀၁၃ ခုနှစ်အတွက်ပေး အပ်မည့်အကယ်ဒမီစာရင်းဝင် နင်စေရင်ရုပ်ရှင်သည် ဘဝတွင် အပင်ပန်းဆုံး ရုပ်ရှင်ကားတစ် ကားဖြစ်ခဲ့သည်ဟုဆိုသည်။ ဝတ်မှုံရွှေရည်သည် ၂၀၁၃ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘နင် စေရင်’ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် တစ်ပြေး နေပြီး ပရိသတ်များကလည်း ထင်ကြေးပေးနေကြသည်။
အကယ်ဒမီနှင့်ပတ်သက်၍ ‘‘ကစ်အနေနဲ့တော့ အကယ်ဒမီ ဆုကြီးကို အရမ်းကြီးလည်းမမျှော် လင့်ရဲပါဘူး။ ဒါပေမဲ့ နင်စေရင် ကားက ကစ်ရဲ့သရုပ်ဆောင်ခဲ့ သမျှ၊ ရိုက်ခဲ့သမျှကားတွေထဲမှာ တော့ အပင်ပန်းဆုံးရုပ်ရှင်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ရော၊ လူရော အရမ်းကြီးနှစ်ပြီးတော့ ရိုက်ခဲ့တာပါ။ အရမ်းကြိုးစားခဲ့ရ တဲ့ဇာတ်ကားတစ်ကားဖြစ်နေလို့ ပါ’’ဟု ဝတ်မှုံရွှေရည်က ပြော သည်။
ယခုနှစ်အကယ်ဒမီကို မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိတတ်နားလည်သည့် ပညာရှင် များကိုယ်တိုင်ရွေးချယ်မည်ဖြစ် သဖြင့် ရွေး ချယ်မှုမှန်ကန်လိမ့်မည်ဟုယုံကြည်ကြောင်း ၎င်းက ဆို သည်။ လက်ရှိတွင် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၏ ရိုက်ကူးမှုဖြင့် နှင်းခါးဝိုင်ဗီဒီယို ဇာတ်လမ်းကို သရုပ်ဆောင် နေတိုးနှင့်အတူ ရိုက်ကူးနေပြီး အချစ်နှင့်ဘဝ ဖော်ညွှန်းသည့် ဒရာမာဇာတ်ကားဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment