ရာဇာနေ၀င်း စီးရီးခွေစီစဉ်နေ
ဇာတ်ကားရိုက်ကူးမှု များ ပြန်လည်လုပ်ဖြစ်သလို ဂီတ ဘက်တွင်လည်း ၀ါသနာပါသော ကြောင့် အဖွဲ့လိုက် အခွေတစ်ခွေ စီစဉ်နေကြောင်း ရာဇာနေ၀င်းက ပြောသည်။ ‘‘လုပ်နေတာတော့ကြာပြီ အစ်ကိုပါမယ်။ ဟေမာပါမယ်။ တခြားသရုပ်ဆောင်တွေလည်း ပါမယ်။ သီတင်းကျွတ်လောက် ထွက်နိုင်အောင်တော့ ကြိုးစား နေတယ်’’ဟု ၎င်းက ပြောသည်။
ယင်းအခွေတွင် တစ်ဦးတည်း သီဆိုသည့် သီချင်းခုနစ်ပုဒ်ခန့် ပါဝင်မည်ဖြစ်ပြီး ကော်ပီသီချင်းများပါသလို ကိုယ်ပိုင်သံစဉ် သီချင်းများလည်း ပါဝင်မည်ဟု ၎င်းကဆိုသည်။ ယခုရက်ပိုင်းတွင် ဒါရိုက် တာကိုဇော်(အရုဏ်ဦး) ရိုက်ကူး နေသည့် ‘အမိန့်’ဗီဒီယိုဇာတ်ကား ၌ လူမင်း၊ မင်းဦးတို့နှင့်တွဲဖက် သရုပ်ဆောင်နေပြီး မိန်းမကို ကြောက်သော်လည်း အလုပ်တွင် မိန်းမနိုင်သည့်သူများ ပုံစံဖြင့် သရုပ်ဆောင်ထားကြောင်း ၎င်းက ပြောသည်။ ‘‘အစ်ကိုတို့က အိမ်ထောင် ရေး အဆင်မပြေတဲ့သူတွေအ တွက် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ မှာ အလုပ်လုပ်ကြတယ်။ အလုပ် ရှင်က မိန်းမနိုင်ရမယ်ဆိုတဲ့ အမိန့်ထုတ်ထားတော့ အစ်ကိုတို့ တွေက သူ့ရှေ့မှာဆို မိန်းမနိုင်တဲ့ ပုံစံနဲ့ တကယ်ကျတော့ အိမ်မှာ မိန်းမကြောက်တဲ့သူတွေ။ အဲဒါကို ဟာသအနေနဲ့ ရိုက်ထားတာပါ’’ ဟု လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားနှင့်ပတ်သက်၍ ရာဇာ နေ၀င်းက ပြောသည်။
No comments:
Post a Comment