ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ချစ်သူကို ပိုင်ဆိုင်ထားတယ်လို့ ပြောတဲ့ သွန်းဆက်
အနုပညာလောကထဲကို ပဟေဠိ နန်းတော်မှတဆင့် အကယ်ဒမီဗန်းကိုင် ၊
အဲ့ဒါတွေပြီးတဲ့အချိန်မှ ဒုတိယမင်းသမီးအဖြစ်ကနေ စပြီး
ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားတွေ ရိုက်လာရတဲ့သူကတော့
သွန်းဆက်ပါပဲ။ ဇာတ်ကားတွေ ပိုမိုရိုက်ကူးလာရလေလေ၊ ကိုယ့်လိုအပ်ချက်က
ဘာတွေဆိုတာ သိလာလေလေ ဖြစ်ကြတာမို့ သူမနဲ့ သရုပ်ဆောင်ပိုင်းကို
မေးမြန်းကြည့်လိုက်တော့ “သမီးဆရာ အန်ကယ်လေးကတော့ ပြောတယ်။ သူပြောတဲ့
စကားကြောင့် အရမ်းပျော်သွားတယ်။ သမီးအရမ်း တိုးတက်လာတယ်တဲ့။ အဲ့ဒါကြောင့်
အရမ်းပျော်သွားတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ကိုယ်တိုင်က ပြောတာဆိုတော့
အရမ်းပျော်တာပေါ့နော်။ ပရိသတ်ဆီကလဲ တစ်ကားနဲ့တစ်ကား
တိုးတက်လာတယ်ဆိုတာကြားရတော့ ပီတိဖြစ်မိပါတယ်။ အခုနောက်ပိုင်း
ကမ်းလှမ်းတဲ့ခါ ဇာတ်အရမ်း ဟဲဗီးကြီးတွေဆို သွန်းစက်မလုပ်ဘူး။
ခုချိန်က ပရိသတ်ဆီမှာ စပြီးနာမည်ယူကာစ ဆိုတော့
မင်းသမီးအသစ်တစ်ယောက်အနေနဲ့ပရိသတ်က ကိုယ့်ကို မြင်မြင်ခြင်းမှာ
မုန်းသွားမှာစိုးတဲ့အတွက် ခုချိန်မှာ ဟဲဗီးဇာတ်ရုပ်တွေဆိုရင်တော့ သွန်းဆက်
မလုပ်သေးဘူးပေါ့နော်။ ခုသွန်းဆက် အသစ်ဆိုတော့ ရွေးချယ်ပိုင်ခွင့်
မရှိသေးဘူး။ သူတို့ ပေးလာတဲ့ ဇာတ်အပေါ်မှာ
အကောင်းဆုံးကြိုးစားသွားမယ်ပေါ့နော်။ ပရိသတ်တွေဆီကတော့ စစချင်းတုန်းက
အသံကနဲနဲလေး ကလေးသံပေါက်တယ်တဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ထိန်းထိန်းပြီး
ပြောလာနိုင်ပြီပေါ့နော်။ ပြီးတော့ အရမ်း sexy ဖြစ်တဲ့ ဖက်ရှင်တွေကို
မ၀တ်ပါနဲ့တဲ့ သူတို့မကြိုက်ဘူးလို့တော့ ဝေဖန်ကြပါတယ်။ သွန်းဆက်
ဖက်ကလဲအဲဒါလေးတွေကို အတတ်နိုင်ဆုံး ပြင်သွားပါ့မယ်” လို့ သူမက ပြောပြပါတယ်။
လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ
သူမက “အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ မပူလောင်ဘူး။ အေးချမ်းတယ်။
အရင်လူနဲ့ပါပဲ။ ကြာပါပြီ။ သူကလဲ နားလည်ပေးတယ်။ သွန်းဆက်တို့အလုပ်က
ကိုယ့်ကို အဓိက နားလည်ပေးရမဲ့သူ ကိုယ့်ကို နားလည်ပေးရင် အကုန်လုံး
အဆင်ပြေတာပေါ့နော်။ အဲ့လိုမှမဟုတ်ပဲ အရမ်းချုပ်ချယ်သ၀န်တိုနေမယ်ဆိုရင်
အဆင်မပြေဘူးလေ။ သွန်းဆက်တို့လို အနုပညာရှင်တွေက အပြင်မိန်းကလေးတွေထက်ကို
ပိုပြီးနားလည်ပေးမှ ရမယ်လေ။ မဟုတ်ရင် ကွဲတာတွေ ဘာတွေ ဖြစ်တတ်တော့လေ။
ခုချိန်ထိတော့ သွန်းဆက်က ကံကောင်းနေတုန်းပါပဲ။ နောက်ပိုင်းတော
့ဘယ်လိုလာဦးမလဲ မသိဘူး။ ကံတွေဘာတွေ ကိုလဲ သွန်းဆက်က ယုံတော့လေ။
စောင့်ကြည့်ရဦးမှာပေါ့” ဟု သွန်းဆက်ကပြောသည်။
No comments:
Post a Comment