ကိုယ်နဲ့အတူတူနေမယ့် သူဟာ ဘယ်သူလဲဆိုတာ ခုချိန်မှာ ပြောလို့ မရသေးဘူးဆိုတဲ့ စံရတီမိုးမြင့်
အနုပညာသက်တမ်း သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ကြော်ငြာတွေတင်မကပဲ
ခေါင်းဆောင်မင်းသမီး တစ်ယောက်အနေနဲ့ ဇာတ်ကားတွေမှာပါ
သရုပ်ဆောင်လာရပြီဖြစ်ဖြစ်ပါတယ်။ ခုလတ်တလော နူးညံ့ သိမ်မွေ့သော ဆိုတဲ့
ဇာတ်ကားမှာ နေဒွေး၊ မေမြင့်မိုရ်တို့နဲ့အတူ သရုပ်ဆောင်နေတဲ့ သူမက
ဇာတ်ကားထဲက သူမရဲ့ကာရိုက်တာဟာ ပညာတတ်ပြီး ထက်မြက်တဲ့ ဆေးကျောင်းသူ
တစ်ဦးရဲ့ ကာရိုက်တာလို့ ဆိုပါတယ်။
စံရတီဟာ ပရိသတ်တွေကြား
ရေပန်းစားဆဲ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ “အချစ်ရေးက အေးဆေးပါပဲတဲ့။
ငယ်ငယ်တုန်းက အချစ်ကတော့ အရှေ့လဲမတွေးဘူး။ အနောက်လဲ မတွေးဘူး။ ဒီလူကို
ကိုယ်ချစ်ရင် ချစ်တယ်ပဲ။ ပြီးတော့မှ ချစ်တာတစ်ခုတည်းနဲ့မပြီးဘူး။ အနာဂတ်တွေ
ပါပါလာတာပေါ့။ ကိုယ့်အတွက်ရော၊ သူ့အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော
တွေးပေးရတာလေးတွေ ရှိလာတယ်။ အရင်ကတော့ဘာမှ မတွေးဘူး။ အချစ်ပဲ။ ပြီးတော့
ကိုယ့်ချစ်သူဟာ အနုပညာရှင်မှ အပြင်မှဆိုတာ စိတ်နဲ့ပဲဆိုင်တယ်လို့ညီမကတော့
ထင်တယ်။ အနုပညာရှင်အချင်းချင်း လက်ထပ်ထားတဲ့ သူတွေလဲရှိတယ်။
ဒါလူနဲ့ပဲဆိုင်ပါတယ်။ အပြင်ကလူကို လက်ထပ်လိုက်လို့သည်းမခံနိုင်တဲ့အဆုံး
ကွဲကြ၊ ပြဲကြတာတွေလဲ ရှိပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်
တကယ်ချစ်မှပေါ့နော်။
ဒီအလုပ်လုပ်နေတဲ့အတွက် ညီမက အခု အနုပညာအလုပ် လုပ်နေတယ်ဆိုတာ
စီးပွားရေးလို့ လဲပြောလို့ရတယ်။ အသက်မွေးဝမ်းကြောင်း
အလုပ်လို့လဲပြောလို့ရတယ်။ ကိုယ်က မင်းသမီးဖြစ်တဲ့ အတွက် သူတို့က
နားလည်ပေးရမယ်။ ကိုယ်ကိုတိုင်ကတော့ ရွေးချယ်တဲ့ခါမှာ
ကိုယ့်အလုပ်ကို နားလည်ပေးတဲ့ သူမျိုးကိုပဲ ရွေးချယ်ခဲ့တာပေါ့နော်။ အိမ်ကတော့
ငယ်ငယ်ကတည်းက အမေက ဒီလိုတွေးဖို့ပဲသင်ပေးခဲ့တယ်။ အတင်းအကြပ် မရှိဘူး။
သူ့ကို ရွေးချယ်ဖြစ်တာကတော့ ခုချိန်မှာ ပြောလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့
သူဟာ တချိန်ကျရင် ညီမနဲ့တူတူနေမယ့် သူတစ်ယောက်လို့ သတ်မှတ်လို့ မရသေးဘူး။
ခုချိန်မှာ ညီမအတွက် အရေးကြီးဆုံးကအလုပ်ပေါ့။ အလုပ်လုပ်ရတာ ပိုပျော်လာတယ်။
အချစ်ဆိုတာ ရန်ဖြစ်ရင်တော့ ပူလောင်တာပေါ့နော်။ ရန်မဖြစ်ရင်တော့
အေးချမ်း တယ်ပေါ့။ ရန်ကတော့ဖြစ်မှာပဲ။ ချစ်ချစ်မချစ်ချစ်လေ။
အဲ့ဒါကိုနားလည်ပေး ရမယ်။ ရန်ဖြစ်လဲပြန်ခေါ်ကြ တယ်။ ပြန်နားလည်ပေးကြတယ်။
အဲ့နှစ်ခုကို အတတ်နိုင်ဆုံး ညှိပြီးနေကြတယ်ပေါ့။ တကယ်ချစ်ပြီးမှ
ပြတ်သွားရင်လဲ မကောင်းဘူးလေ။ အိမ်ထောင်ကတော့ ၂၈ ၂၉ လောက်မှ ပြုဖြစ်မယ်”
လို့ပြောပြသွားပါတယ်။
No comments:
Post a Comment