Friday, August 15, 2014


ရုရှားအကူအညီပေးရေး ကားတွေကို ၀င်ခွင့်ပြုမှာ မဟုတ်တဲ့ ယူကရိန်း အစိုးရ
ယူကရိန်းအစိုးရဟာ ယူကရိန်းအရှေ့ဘက်ပိုင်းကို ဦးတည်လာတဲ့ ရုရှားတပ်ဖွဲ့ရဲ့ ထောက်ပံ့ရေး ကုန်တင်ယာဉ်တွေမှာ ပါတဲ့ပစ္စည်းတွေကို ယူကရိန်းနယ်စပ် မဖြတ်ကျော်ခင် ကားချင်းလဲ တင်ခိုင်း မှာ ဖြစ်တယ်လို့ သိရပါတယ်။


ကုန်တင်ကားအစီး (၂၈၀) ပါတဲ့ ရုရှားအကူအညီပေးရေးယာဉ်တန်းဟာ  ယူကရိန်းနိုင်ငံ  အရှေ့ဘက်ကို လိုအပ်တဲ့အကူအညီပေးရေး ပစ္စည်းတွေကို ၀င်ရောက်ထောက်ပံ့ချင်ပေမယ့် ယူကရိန်းအစိုးရကတော့ ကြားဝင်စွက်ဖက်မှုတွေ ပြုလုပ်မှာ စိုးရိမ်လျက်ရှိပါတယ်။ ဒွန်နက်စ် မြို့အပါအ၀င် ယူကရိန်း အရှေ့ဘက်ခြမ်းက ဒေသခံတွေက အစားအစာ၊ ရေ၊ ဆေးဝါး အပါအ၀င် အခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုကို ခံစားလျက်ရှိပါတယ်။

ဒါကြောင့် အင်္ဂါနေ့မှာ ရုရှားအစိုးရဟာ မော်စကိုမြို့ကနေ ယူကရိန်းနိုင်ငံ အရှေ့ခြမ်းဆီကို ကုန်တင် ယာဉ်အစီး (၂၈၀) နဲ့ ထောက်ပံ့ပစ္စည်းတွေကို စေလွှတ်ထားခဲ့ပြီး ယူကရိန်းအစိုးရဟာ ကုန်တင်ယာဉ် တန်းရဲ့ လုံခြုံရေးကို အာမခံထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဟေး လာရော့ဗ်က ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းအစိုးရနဲ့ နောက်နိုင်ငံတွေဟာ အကူအညီပေးရေးကို ဟန်ပြ ပြီးသူပုန်တွေကို အကူအညီပေးမှာ စိုးရိမ်တာကြောင့် ရုရှားအကူအညီပေးရေး ယာဉ်တန်းဟာ ယူကရိန်းနယ်စပ် မဖြတ်ကျော်မီ ကြက်ခြေနီယာဉ်တွေပေါ် ပစ္စည်းပြောင်းတင်ဖို့တော့ လိုလိမ့်မယ် လို့ ယူကရိန်း အစိုးဘက်က ပြောကြားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူကရိန်းတပ်ဖွဲ့တွေ ဟာ ယူကရိန်း အရှေ့ဘက်ခြမ်းကို ၀င်ရောက်ပြီး ခွဲထွက်ရေးသူပုန်တွေကို ထိုးစစ်ဆင်နေပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။  

No comments:

Post a Comment

back to top