Tuesday, July 1, 2014

သီပေါတွင် လူငယ်တာဝန်အလံပေးအပ်ပွဲကျင်းပ

 








ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လူငယ်အလံပေးအပ်ပွဲ အခမ်းအနားကို ဇွန် (၂၉)ရက် နံနက်ပိုင်းက သီပေါမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး " ဖြိုးသီဟ" ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ကျောက်မဲခရိုင်၊ ပါတီအတွင်းရေးမှူး ခရိုင်လူငယ်တာဝန်ခံနှင့် ခရိုင်ကော်မတီဝင် များ၊ သီပေါမြို့နယ် ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင် များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူး များ၊ စုစုပေါင်း ၇၀ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်အတွင်းရေးမှူး ဦးဝင်းမြင့်က အမှာစကား ပြောကြားပြီး သီပေါမြို့နယ် လူငယ်ရေးရာတာဝန်ခံ မြို့နယ်အတွင်းရေးမှူး ဦးအောင်အောင်က လူငယ်တာဝန်ပေးအပ်ပွဲနှင့် ပတ်သက် သည့် ရည်ရွယ်ချက်များကို ရှင်းလင်းကာ ကျောက်မဲခရိုင် လူငယ်တာဝန်ခံ ခရိုင် ကော်မတီဝင် ဦးသန်းထိုက်ဇော် က လူငယ်အလံကို ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top