အရှေ့ပိုင်းခရိုင် မြို့နယ်ပါတီများနှင့် ဗဟို/တိုင်း/ခရိုင်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၀)ရက် ၁၅၃၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့်၊ ခြံအမှတ်(၉၀)ရှိ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ဗဟို/ တိုင်း/ ခရိုင် ပါတီများနှင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင်းရှိ မြို့နယ် ပါတီများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။
ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ ခေတ္တ အတွင်းရေးမှူး များနှင့် ကော်မတီဝင်များ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင်းရှိ မြို့နယ် (၁၄) ခု မှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ တက်ရောက်သည်။
တက်ရောက်လာသော တိုင်း/ခရိုင် /မြို့နယ် တို့မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတ်ီဝင်များ ဒေသဆိုင်ရာ လူထုအကျိုးပြုလုပ်ငန်းများ ဖေါ်ဆောင်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖေါ် ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြပြီး ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ဖြည့်စွက်ဆွေးနွေးကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment