Thursday, June 19, 2014

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ယနေ့ ဇွန်လ(၁၉) ရက်၊ နံနက်(၀၈း၀၀) နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ ပါတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ပါတီဌာနချုပ် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။




ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဆွေ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောမော်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ် အတွင်းရေးမှူး ဦးကျော်ဆန်းဦး၊ ခေါင်းဆောင်သော လူငယ်ပါတီဝင် အင်အား (၁၉၂)ဦးတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ အထွေထွေအတွင်းရေးမှူးမှ အမှာစကားပြောကြားရာတွင် ပါတီ လုပ်ငန်းစဉ်(၅) ရပ်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များကို ပြည်သူများနှင့် လက်တွဲ၍ ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ လေ့လာရေးပါတီဝင် လူငယ်များအဖွဲ့သည် လွှတ်တော်အဆင့်ဆင့် ကျင်းပနေပုံများနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်နှင့် ရေပန်းဥယျာဉ်တို့အား သွားရောက် လေ့လာကြည့်ရှု ခဲ့ကြပါသည်။

No comments:

Post a Comment

back to top