Friday, June 27, 2014

Rambo V ဇာတ်ကားတွင် စတားလုံး ထပ်မံ သရုပ်ဆောင်မည် 

ကမ္ဘာကျော် ဒါရိုက်တာနှင့် အက်ရှင်မင်းသားကြီး ဆေဗက်စတာ စတားလုံးသည် ဂျွန်ရမ်ဘို အဖြစ် ငါးကြိမ်မြောက် Rambo V ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Rambo V ဇာတ်ကား ရိုက်ကူးရေးကို ယခုအခါ စတင်လျက်ရှိပြီး စတားလုံးသည် ၄င်း၏ သရုပ်ဆောင်မှုများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဂျာမနီ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Splendid Films မှ တာဝန်ရှိသူများက အတည်ပြု ပြောကြားထားသည်။ စတားလုံးသည် Rambo V ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်သည့် အပြင် ၄င်းဇာတ်ကား၏ ဇာတ်ညွှန်းကိုလည်း ရေးသားပေး ထားသည်ဟု သိရသည်။ စတားလုံး၏ ပထမဆုံး ရမ်ဘို ရုပ်ရှင်ကားဖြစ်သည့် First Blood ဇာတ်ကားအား ၁၉၈၂ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် စတုတ္ထမြောက် ဇာတ်ကားကို ထုတ်လုပ် ဖြန့်ချိခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top