ထိုင်ဝမ်မှာ အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ Teen Top အဖွဲ့ရဲ့ World Tour
တောင်ကိုရီးယား နိုင်ငံမှာ အောင်မြင်ကျော်ကြား လူကြိုက်များပြီး
မိန်းကလေး ပရိသတ် တွေရဲ့ အသည်းစွဲ Teen Top Boy Band ဟာ သူတို့ရဲ့ 2014
World Tour High Kick ကို ကမ္ဘာ့နိုင်ငံ အသီးသီး မှာ ကျင်းပခဲ့တာ အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။
ဇွန် ၁၅ ရက်က ထိုင်ဝမ်မှာ
ကျင်းပပြီးစီးခဲ့တဲ့ ဖျော်ဖြေပွဲ မှာလည်း Fan တွေရဲ့ အားပေးမှုနဲ့ အတူ
အောင်မြင်မှု များစွာကို ရရှိခဲ့ ပြန်ပါတယ်။ Miss Right, Rocking, To You,
Crazy စတဲ့ သီချင်းတွေ အပါအဝင် စုစုပေါင်း သီချင်း ၂၅ ပုဒ်ဖြင့် ဖျော်ဖြေ
ခဲ့ပါတယ်။ Teen Top Boy Band ဟာ ထိုင်ဝမ်မှာ အောင်မြင် ကျော်ကြားတဲ့
Taiwanese Band “Mayday” ရဲ့ “Wo Bu Yuan Rang Ni Yi Ge Ren”
သီချင်းကိုလည်း ထိုင်ဝမ် Fan တွေအတွက် သီဆို ဖျော်ဖြေ ပေးခဲ့ ပြန်ပါတယ်။
Fan တွေရဲ့အားပေး မှုကြောင့် Teen Top
အဖွဲ့သားတွေဟာ မျက်ရည် ကျလောက်ရတဲ့ အထိ ဝမ်းသာ ပီတိတွေ ဖြစ်ခဲ့ကြပါတယ်။
ဇွန် ၂၈ ရက်မှာတော့ Teen Top World Tour ကို ဟောင်ကောင်မှာ ဆက်လက် ဖျော်ဖြေ တင်ဆက်မယ်လို့ သိရ ပါတယ်။
No comments:
Post a Comment