စပိန်အသင်း ချန်ပီယံဆုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း အင်နီယေစတာ ပြောဆို
စပိန်ကွင်းလယ်လူ အင်နီယေစတာက ၎င်းတို့အသင်းအနေဖြင့် လာမည့် ကမ္ဘာ့ဖလားတွင် ယခင်ကထက် ပိုမို တောင့်တင်း ကောင်းမွန်လာပြီး ချန်ပီယံဆုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ စပိန်ကွင်းလယ်လူသည် သောကြာနေ့က ဘိုလီဗီးယားအသင်းကို (၂းဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် ပွဲချိန် ၈၄ မိနစ်တွင် ဒုတိယအနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး စပိန်အသင်းအတွက် အဖွင့်ဂိုးကို တောရက်စ်က ဒုတိယပိုင်း ၅၁ မိနစ်မှာ သွင်းယူခဲ့သည်။ အင်နီယေစတာက နည်းပြ ဒဲလ်ဘော့စ် ကိုင်တွယ်သည့် စပိန်အသင်းသည် လာမည့် ကမ္ဘာ့ဖလားတွင် ယခင်ကထက် ပိုမိုတောင့်တင်းကောင်းမွန်လာပြီး ချန်ပီယံဆုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စပိန်အသင်းသည် လာမည့်ကမ္ဘာ့ဖလားတွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ ဟော်လန်အသင်းနှင့် ကစားရမည် ဖြစ်သည်။ အင်နီယေစတာက ဘိုလီဗီးယား အသင်းကို ၂းဝ ဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ် အပြီးတွင် နည်းပြအနေဖြင့် ယခုပွဲစဉ်မှာ ကစားခဲ့သည့် ကစားသမားတိုင်းကို လာမည့် ကမ္ဘာ့ဖလားအတွက် ခေါ်ယူမှာလား ဆိုတာကို မသိနိုင်ကြောင်း၊ သို့သော်လည်း မိမိတို့အသင်းမှာ တောင့်တင်း ခိုင်မာသည့် အသင်းအနေအထား တစ်ခုကို ရောက်လာပြီ ဖြစ်ကြောင်း၊ မိမိတို့အသင်းသည် စုပေါင်းလေ့ကျင့်မှုတွင် အကောင်းဆုံး ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment