စစ်ရေးလေ့ကျင့်မှုအတွက် သင်္ဘော ၄ စီးစေလွှတ်မယ့် တရုတ်နိုင်ငံ
တရုတ်နိုင်ငံဟာ
အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းမှာ ကျင်းပမယ့် အမေရိကန်နိုင်ငံဦးဆောင် တဲ့
နိုင်ငံပေါင်းစုံက ရေတပ်စစ်ရေးလေ့ကျင့်မှုအတွက်စစ်သင်္ဘော၎စင်းစေလွှတ်မှာဖြစ်တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံက
လက်ခံကျင်းပတဲ့ နှစ်စဉ်ကျင်းပနေတဲ့ ပစိဖိတ်ဒေသ စစ်ရေးလေ့ ကျင့်မှုအတွက်
ဆေးသင်္ဘောတစ်စင်း၊ ဖျက်ဆီးအဆင့်စစ်သင်္ဘော ၂ စင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစ်စင်း
စုစုပေါင်းသင်္ဘော ၄ စင်းစေလွှတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် ရဲတပ်ဖွဲ့ရဲ့
ပြောပြချက်အရ သိရ ပါတယ်။
ဇွန်လမှာ ကျင်းပမယ့်
စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ က ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်မှာဖြစ်ပြီး
ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။
စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်မှုတွေ ကို
လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
လေ့ကျင့်မှုအစီအစဉ်တွေထဲမှာ တရုတ်ဆေး သင်္ဘောကို ဖြစ်ရပ်ဆိုးတွေဖြစ်ပွားတဲ့အခါမှာ
အသုံးပြုမယ့်အစီအစဉ်လည်း ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
နောက်ထပ် တရုတ်စစ်သင်္ဘော
၃ စီးကိုတော့ ပင်လယ်ဓါးပြမှုဆန့်ကျင်ရေးနဲ့ မူးယစ်ဆေးမှောင်ခိုမှု အတွက်
လေ့ကျင့်တဲ့ စစ်ရေး လေ့ကျင့်မှုတွေအတွက် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ အခုနှစ်တွေအတွင်း မှာ ရေကြောင်းလေ့ကျင့်မှုတွေ
တိုးမြှင့်လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ဒီလို
စစ်ရေးလေ့ကျင့်မှုတွေမှာ ဖိတ်ခေါ်ခြင်းဖြင့် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့
ရေကြောင်းလုပ်ထုံး လုပ်နည်းတွေကို နားလည်စေဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
No comments:
Post a Comment