Tuesday, April 1, 2014

ပိတောက်

 
ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင်  ။
တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင်  ။
ရေမကူ မိုးမှာမပွင့်
ေေေေေ ဆောင်ရဲ့အေးဒဏ်
ကြံကြံခံလို
နွေနေရဲ့အပူဒဏ်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ  ။
ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း  ။
ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး   ။
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ေ ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့ 
မျက်ရည် စက်လက်နဲ့ပေါ့  ။

No comments:

Post a Comment

back to top