ဥရောပသမဂ္ဂဌာနချုပ်သို့ တရုတ်သမ္မတ
ရောက်ရှိ
တရုတ်သမ္မတ ရှိကျင့်ဖျင်သည်
ဥရောပသမဂ္ဂ (အီးယူ) အထက်တန်း တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးနိုင်ရန်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့သို့ မတ် ၃၀ ရက်တွင် ရောက်ရှိလာကြောင်း
ဒေသ ဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်သော
ဥရောပသမဂ္ဂ၏ဌာနချုပ်ရုံးသို့ တရုတ်ခေါင်းဆောင်တစ်ဦးရောက်ရှိလာခြင်းမှာ
ပထမဆုံးအကြိမ်ဖြစ်သည်။
အီးယူသည် တရုတ်နိုင်ငံ၏
အကြီးဆုံးသော ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်
ပြည်ထောင်စုပြီးလျှင် ဥရောပ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
သမ္မတရှီသည် အီးယူကော်မရှင်ဥက္ကဋ္ဌ
ဟိုဆေးမင်နျူယယ်ဘာရိုးဆိုး၊ ဥရောပ ပါလီမန်ခေါင်းဆောင် မာတင်ရှူး၊
အီးယူထိပ်သီးဆွေးနွေးပွဲများ၏ သဘာပတိ ဗန်ရွှမ်ပေးတို့နှင့်
တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
သမ္မတရှီသည် ဥရောပခရီးစဉ်အတွင်း
ပြင်သစ်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့သို့လည်း သွားရောက် ခဲ့သည်။
No comments:
Post a Comment