ဒဏ်ငွေဆောင်ရမည့်
သောမတ်စ်နှင့် ချာမက်
ဆွမ်ဆီးနှင့် ၁ဂိုးစီသရေကျခဲ့သော
ပွဲစဉ်တွင် ဟန်ဆောင်လှဲချခဲ့သော သောမတ်စ်နှင့် ချာမက်တို့ကို မိမိ ဒဏ်ဆောင်ခိုင်းမည်ဖြစ်ကြောင်း
ခရစ္စတယ်ပဲလေ့စ် နည်းပြတိုနီပူးလစ်က ပြောဆိုလိုက်သည်။
ထိုပွဲစဉ်တွင် တိုက်စစ်မှူး ချာမက်မှာ ပွဲစဉ်အစောပိုင်းတွင်
ဟန်ဆောင်လှဲချခဲ့ပြီး တောင်ပံကစားသမား သောမတ်စ် မှာ နာကျင်အချိန်ပိုတွင်
ဟန်ဆောင်လှဲချပြန်သဖြင့် အ၀ါကဒ် အပြခံခဲ့ရသည်။
ပူးလစ်က သူတို့ဟာ ဒီဖြစ်ရပ်အတွက်
ဒဏ်ကြေးဆောင်ရမှာပါ။ နှစ်ယောက်စလုံးက မလုပ်သင့်တာကို လုပ်ခဲ့ကြသူတွေပါ ဟု
ပြောဆိုသွားခဲ့သည်။
ထိုပွဲစဉ် သရေကျခဲ့သည့်အတွက် ခရစ္စတယ်ပဲလေ့စ်မှာ
တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာ အဆင့် ၁၆ တွင် ရှိနေပြီး ဆွမ်ဆီးက ၅ မှတ်အကွာ အဆင့်
၁၄ တွင် ရှိနေကြသည်။
Ref:myanmargoal
No comments:
Post a Comment