Wednesday, March 5, 2014

ကိုယ့်မွေးရက် နှင့် ဂဏန်းဗေဒင်တွက်ကြည်မလား သူငယ်ချင်းတို့……


တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...

နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတတ်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသား တယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်..ကြင်နာတတ်တယ်၊ ဒေါသလွယ်တယ်..ဖော်ရွှေ တယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး. မိမိကိုယ်ကို ယုံကြည်တတ် တဲ့ လူစားမျိုးဖြစ်တယ်..ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို တွေ့တတ်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာများပါတယ်..အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်သယ်..အငြိုးအတေးကြီးပြီး..လက်စားချေတတ်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေ မယ့်..မင်းမှာအလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်.. မင်းသာ အမျိုးသားဆိုရင်..အရမ်း နာမည်ကျော် မယ်.. ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ. လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်း ဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတတ်တယ်လေ.. ဒါပေမယ့်.. မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀ နိမ့်ကျ သွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတတ်ပါတယ်...ဒါကလည်း မဆန်းပါဘူး...လူတွေ ရဲ့ မနာလိုမှုကြောင့်ပါပဲ..မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ.. ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ် နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!


နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလနဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦး လည်းဖြစ်တယ်...မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီး သုံးသပ်သင့်စရာတွေချည်းပဲ...မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေ ကိုလိုက်ပြီး မင်းဟာအမြဲတမ်းပြောင်းလဲနေတယ်..တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာအား အတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆိုညက်ညောပြေပြစ်တယ်.မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေ အလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတတ်တယ်။ မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ)။ တကယ် လို့များ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...အများ စုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..! တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုရှိ သူတစ်ဦးပါ...မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲမင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..မင်းဟာ မိန်းကလေး ဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..မင်းဟာ ယောကျာ်းလေးသာ ဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှ မဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူ တပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူ တစ်ဦးပါ..တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လို လားပေမယ့်..ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..မင်းဟာ သြဇာအာဏာ ကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်.. မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမ တက်တယ်..ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက် လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး.. မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ် တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ... ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း.. မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက် မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..မင်းဟာ နပန်းလုံးနေရတက်တယ်...မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..သူငယ် ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ နဲ့ ပြည့်နေမှာပါ..မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက် လုပ်တက်သူပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီအဝေးကို ပြေးသွားတက်ကြပါတယ်..မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..မင်း သူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..အဲဒီခါကြ ရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီ အတွက်..လုံးဝသတိပြုပါ.. မင်းရဲ့စိတ် ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ ရှိတက်ပါတယ်..မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..မင်းဟာ ဘွဲ့ တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာ မျိုးပေါ့..ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..အဓိက သတိထား ရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ.. ဒါကြောင့်..မင်းနဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်..မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ.. အစီအစဉ်တကျ လုပ်ကိုင်တတ်သူတယောက်ဖြစ်တယ်...မင်းရဲ့အကောင်းဆုံး အဖော်မွန်တွေကတော့.. 1, 8. သင့်တော်တဲ့သူတွေ ကတော့...5, 6, 7!!!

 နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင် ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့ မဟုတ် ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ် ဆိုရင် လည်း..အောင်မြင်မယ်သူပါ..ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့ သူလည်းဖြစ်နေပြန်ရော့..မိသားစုနဲ့သူငယ်ချင်းတွေ အတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့ အခါ မှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦး မယ့်သူပါ..အဲဒီအတွက်.. သတိထားရမယ့် အချက်ကတော့မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့.. အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့် လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့ အကြုံတွေကပဲ.. မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

 နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူ တစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..မင်းဟာ ပညာရေး..အလုပ် ..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ ရနိုင်ပါတယ်..မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်.မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ..အမျိုးသမီးသာ ဆိုရင်တော့.. စေ့ စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာ တက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...မင်းရဲ့ အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို ယုံကြည်တက် တယ်.. ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ.. ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင် နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူ လည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့် အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီး ထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူ တစ်ဦးလည်းဖြစ်နေပါတယ်..နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့ သဘော လို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာဂရုစိုက် အလေးထား သင့်ပါတယ်..မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ.. မင်းရဲ့အကောင်းဆုံး အဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ် ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေ ပါ..ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့် မယ်.မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူ လည်း ဖြစ်နေပြန်ေ၇ာ့.ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်) မင့်ရဲ့ ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်း များ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာ တဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီ ကို ခေါ်ဆောင်သွားမှာပါ..မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံး သူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့ အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..မင်းဟာ ရုပ်ပိုင်းစိတ်ပိုင်းအရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူ တဦးလည်းဖြစ်ပြန်ရော့..မင်းဟာ အလုပ်ကို အရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း၊ ရုန်းရင်းဆန်ခတ်မှုတွေ နဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲ သွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါ မှာတော့..မင်းဟာ အေးဆေး တည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ် ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်း အတွက် စံပြတယောက်ပါ..မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!

No comments:

Post a Comment

back to top