Friday, March 28, 2014

ဖက်ဒရာနဲ့ နာဒယ်တို့ ဆိုနီအိုးပင်း ကွာတားဖိုင်နယ် တက်ရောက်



အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမ်ီမြို့မှာ ပြုလုပ်တဲ့ ဆိုနီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်(၁) နာဒယ်နဲ့ ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမားဟောင်း ဖက်ဒရာတို့ ကွာတားဖိုင်နယ် တက်ရောက် သွားပါတယ်။ အမျိုးသား တစ်ဦးချင်း စတုတ္ထအဆင့် ပွဲစဉ်မှာ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာက ဆီဒင်အဆင့်(၉)ရှိတဲ့ ပြင်သစ်တင်းနစ်သမား ရစ်ချတ်ဂက်ဂွက်ကို (၆း၁၊၆း၂)နဲ့ (၄၉)မိနစ်ပဲ ကစားပြီး အနိုင်ရပါတယ်။ ဂရင်းစလမ် ချန်ပီယံဆု (၁၇)ဆုရထားတဲ့ ဖက်ဒရာက "စောစောစီးစီး ပွဲသိမ်းနိုင်တာ ကျေနပ်စရာပါပဲ။ ကျွန်တော့် ကစားပုံကို အားရပါတယ်"လို့ ပွဲအပြီးမှာ ပြောပါတယ်။ စပိန်တင်းနစ်သမား နာဒယ်က အီတလီ တင်းနစ်သမား ဖာဘီယိုဖော့နီနီကို (၆း၂၊၆း၂)နဲ့ (၆၂)မိနစ်ကြာ ကစားပြီး အနိုင်ရပါတယ်။ နာဒယ်ဟာ ကွာတားဖိုင်နယ်မှာ ကနေဒါ တင်းနစ်သမား မီလို့စ်ရာအိုနစ်နဲ့ ကစားရပါမယ်။ "ဒီည ကစားရတာ နည်းနည်းခက်တယ်။ လေကလည်း တိုက်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရတော့ ၀မ်းသာပါတယ်"လို့ နာဒယ်က ပြောပါတယ်။

No comments:

Post a Comment

back to top