Friday, March 28, 2014

စာအုပ်စာပေ ပညာဝေ

 

မိတ်ကောင်း၊ ဆွေကောင်း ပညာကောင်းထက်
စာအုပ်ကောင်းက လောကအကြောင်း
ဘ၀ကြောင်းကို လမ်းကြောင်းမှန်မှန်
ပေးတာမြန်၏။
မျက်နှာအလှ ခန္ဓာအလှကို
မှန်ပေါ်မှာကြည့် မြင်ကာရှိလည်း
စိတ်ရဲ့ခန္ဓာများစွာ
ကြားမြင်(သုတ) လောကအလှကို
စာပေ၊ စာအုပ် မှန်ချက်ထုတ်၍
ကြည်ကာမှတ်မှ ထင်ကာရမည်
ညရဲ့အချိန် မှောင်နေချိန်မှာ
လင်း၍လာအောင် လင်းရောင်ဆီမီး
ဖယောင်းမီးလို မီးရောင်ထွေထွေ
ထွန်းကာနေ၍ ရပေလေ၏
လောကရဲအမှောင် ဘ၀အမှောင်
အလင်းရောင်ကျ ပညာအရောင်
စာပေဆောင်မှ ရပေလေ၏။
                                     

No comments:

Post a Comment

back to top