ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဘဝလေ့လာရေး ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
***************************************************************************
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲကို ယခုလ ၂၁ ရက်က ကျင်းပခဲ့ရာ ယင်းမာပင်ခရိုင် အတွင်းရေးမှူး ဒေါ်ကျော့ယဉ်ဝင်း၊ ခရိုင်ပါတီ ကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီဝင် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းများကြောင့် ပါတီဝင်များ၏ အရည်အသွေးများ ပိုမိုပြည့်ဝစေပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ဒွန်တွဲလျက် ပါတီအောင်နိုင်ရေးကိုပါ တစ်ပါးတည်းဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုစေနိုင်ကြောင်း ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။
အဆိုပါသင်တန်းသားသင်တန်းသူ ၅၀ သည် ပြည်သူ့ဘဝလေ့လာရန်အတွက် ဆားလင်းကြီးမြို့နယ် ပန်းထူးကျေးရွာအုပ်စုနှင့် ကံကြီးတောကျေးရွာအုပ်စုများသို့ ကွင်းဆင်းခဲ့ကြပြီး ယင်းကျေးရွာမှ ပြည်သူ များ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို ဆွေးနွေးခဲ့ရာ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment