Wednesday, October 1, 2014

ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစုအဖွဲ့အလိုက် လွတ်လပ်ပွင့်လင်း စွာ ဆွေးနွေးခဲ့
*********************************************************
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) အခမ်းအနားကို ယခုလ ၂၃ ရက် နံနက် ၈ နာရီက အနော်ရထာခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေ၊ အရန်ဗဟိုကော်မတီဝင် ဦးဇော်ဝင်း၊ ခရိုင်အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမိုးကျော်၊ ဦးတင့်ဇော်၊ ဦးဌေးမြင့်၊ ဦးအောင်တိုး (မြို့နယ်တာဝန်ခံ)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကံဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီဝင် တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ကိုယ်စားလှယ် များ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်လေးများက တို့ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။ ဗဟိုကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေက အဖွင့်အမှာ စကား ပြောကြားကာ အရန်ဗဟိုကော်မတီဝင် ဦးဇော်ဝင်းက ဖိုရမ်နှင့်ပတ်သက်သည့် အကြောင်း အရာများကို ရှင်းလင်းခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကံဌေးက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းခဲ့သည်။
ထို့နောက် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် အစုအဖွဲ့များ ဆွေးနွေးခြင်းကို ဆက်လက်ပြုလုပ်ရာ တောင်သူလယ်သမားအစုအဖွဲ့တွင် ကိုယ်စားလှယ် ၄၀၊ အလုပ်သမားအစု အဖွဲ့တွင် ကိုယ်စားလှယ် ၄၀နှင့် လူငယ်အစုအဖွဲ့တွင် ကိုယ်စားလှယ် ၄၈ ဦးတို့ပါဝင်ပြီး ၎င်းအစုအဖွဲ့ များသည် မိမိတို့၏ထင်မြင်ယူဆချက်များ၊ လက်တွေ့ တွေ့ကြုံနေရသော အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့် ပကတိအခြေအနေ၏ အားနည်းချက်၊ အားသာချက် များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အစုအဖွဲ့များဆွေးနွေးမှုကို ဗဟိုကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေ၊ အရန်ဗဟိုကော်မတီဝင် ဦးဇော်ဝင်း နှင့် အဖွဲ့တို့က ကြည့်ရှုအားပေးခဲ့ကြသည်။
အစုအဖွဲ့များ၏ ဆွေးနွေးချက်များအား စာတမ်းများပြုစု၍ ဖတ်ကြားတင်သွင်း အတည်ပြု၍ ရှေ့လုပ်ငန်း စဉ်များ ချမှတ်အတည်ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top